ရှောင်းကျန့်က သူ့ရှေ့က ဆိပ်ကမ်းမြင်ကွင်းကို ငေးကြည့်နေမိသည်။ ဟောင်ကောင်ကျွန်းဆွယ်ရဲ့ဆိပ်ကမ်းဟာ လူထူပြီး အမြဲရှုပ်ယှက်ခတ်နေတတ်သည်။ ဟောင်ကောင်ကုန်းမကြီးက လာသည့် ဖယ်ရီတွေရယ်၊ ထိုင်ဝမ်ကျွန်း နဲ့ မကာအိုက လာတဲ့ ဖယ်ရီတွေရယ်နဲ့ စည်ကားလို့။ ဒါပေမယ့် ရှောင်းကျန့်ရပ်နေသည့်နေရာက ဆိပ်ကမ်းကို အထက်စီးကနေမြင်နေရတာဖြစ်ပြီး နည်းနည်းလှမ်းသည်။ သူ့ကိုလာခေါ်မည့် ဖယ်ရီက မကြာမီဆိုက်ရောက်လာတော့မည်ဟု မျှော်လင့်ရင်း လက်ကောက်ဝတ်က လက်ပတ်နာရီကို တစ်ချက်ကြည့်ပြီး ခေါင်းပေါ်က ဦးထုပ်ကိုပါ မျက်နှာ တစ်ခြမ်းအုပ်သွားအောင် ခပ်ငိုက်ငိုက်ဆောင်းလိုက်သည်။ ဝမ်အိမ်က ဒရိုင်ဘာက ကားထဲမှ ဆင်းလာပြီး သူ့ကို အကဲခတ်နေသေးသည်။ ဝမ်အိမ်က နာမည်ကြီးသလောက် အ ကြသည်လား။ ရှောင်းကျန့်ကပဲ လည်သည်လားတော့မသိ။ ရိပေါ် ရှောင်းခြံဝင်းထဲ ဝင်သွားပြီး ခဏတွင် ရှောင်းကျန့်က ရောက်လာပြီး ရိပေါ်က သူတို့ကို အရင်သွားခိုင်းလိုက်သည် တစ်ခွန်းတည်းနှင့် ဒရိုင်ဘာက လွယ်လွယ်ကူကူပင် ရှောင်းကျန့် သွားလိုသည့်နေရာတွေပို့ပေးတာ့သည်။
ယခုတော့ သူ့လက်ထဲက လက်ဆွဲအိတ်ထဲတွင် ရွှေချောင်းတွေအပြည့်။ လွတ်မြောက်ရာ နေရာတစ်ခုဆီခေါ်သွားပေးမည့် ဖယ်ရီကလဲ ဒီကိုဦးတည်လာနေတာ မြင်နေရပြီဖြစ်သည်။ သူက ဒီလှေငယ်နှင့် မကာအိုအထိလိုက်သွား။ အဲ့ဒီကနေ ဥရောပ တစ်နိုင်ငံငံကို ဆက်ကူးသွားပြီး ဇာတ်မြှုပ်ရုံသာကျန်တော့သည်။ ဒါပေမဲ့အခုကျမှရှောင်းကျန့်က မသွားချင်သလိုလို စိတ်လေးသလိုလို ခံစားနေရသည်။
သူ့ကို စောင့်ကြည့်နေသည့် ဝမ်အိမ်က ဒရိုင်ဘာဆီကလဲ မသင်္ကာမှု ရေချိန်က မြင့်တက်လာသည်ကို ခံစားနေရသည်။ ရှောင်းကျန့်နောက်ဆုံးစိတ်ဖြတ်ကာ သူ့လက်ဆွဲအိတ်ကို ကောက်ကိုင်လိုက်သည်။ ဒရိုင်ဘာဘက်လှည့်ပြီး
"မင်းတို့ ဝမ်သခင်ကို ကျေးဇူးတင်တယ်လို့ပြောပေးပါ"ဒရိုင်ဘာက သူ့ကိုခေါင်းညွတ်ပြပြီး
"ဝမ်သခင်က မှာထားပါတယ်။ သခင်လေးက နောင်တချိန် ဝမ်မိသားစုဝင်ဖြစ်လာမှာမို့ ကျေးဇူးတင်တယ်ပြောရင် လက်မခံပါနဲ့တဲ့"
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။