Act 14 (Uni)

4.2K 548 32
                                    

"ဇာတ်သိမ်းမလှသည့် စိတ္တဇလူသတ်သမား"

"ချာလီယန်းသည် ဘာလာ ဘလာတွင်မွေး။ ဘလာ ဘလာတွင်ကြီး။ ဘာညာသာရကာ တော်ပြီ မဖတ်တော့ဘူး  ‌ကျော်ချလိုက်တော့မယ်။ တကယ့်အဓိက က ဒီမှာ။ မြာပွေသလို တဏှာကြီးလှသည့် သခင်လေးဟာ ယောကျာ်းပြည့်တန်ဆာများနှင့်ပါ ပျော်ပါးရင်း ကုသမရသည့် ကာလသားရောဂါ အမြစ်စွဲရာမှ ဦးဏှောက်ပါ အနည်းငယ်ထိခိုက်သွားပြီးနောက် အမျိုးသားပြည့်တန်ဆာများကို ပစ်မှတ်ထားပြီး ရက်ရက်စက်စက် လိုက်လံ သတ်ဖြတ်ခဲ့သည်။ ထို့နောက် ဘလာ ဘလာ. . . . ဝါး. . နည်းတာမဟုတ်ပါလား မသိရင် သူတို့က ချာလီယန်း လူသတ်တဲ့နောက် တောက်လျှောက်လိုက်ကြည့်တာကျလို့"

ယ‌ခု ရက်သတ္တပတ်လုံးအတွက် ရေပန်းအစားဆုံးသတင်းဖြစ်ကာ ဂျာနယ်၊ မဂ္ဂဇင်းအားလုံး၏ မျက်နှာဖုံးတွင် နေရာယူထားသည့် စိတ္တဇကွင်းဆက်လူသတ်သမား ချာလီယန်းအကြောင်း ဆောင်းပါးရှည်ကြီးကို ဟောက်ရွှမ်းက အသံထွက်ဖတ်ပြနေသည်ကို နားထောင်ရင်း ရိပေါ်ရယ်မိသည်။ သူတို့ဆောင်းပါးတွေအတွက် အဓိက အချက်အလက် သတင်းက မည်သူပေးသည်မို့လဲ။ မှန်လား မှားလားဆိုသည်ကိုလဲ ချာလီယန်းက သေရွာကထရှင်းနိုင်တော့သည်မဟုတ်သောကြောင့် သတင်းတွေက တနေ့တခြားပိုပိုလို့ ရမ်းကားလာကြသည်။ ဒါမျိုးကို ရိပေါ်က ကြိုက်သည်။ စုန့်ကျိယန် ဘယ်လိုတားတား သူ့ဆောင်းပါးတွေကို နောက်ဆုံးအနေနဲ့ ရိပေါ်က ယူပြီး တည်းဖြတ်လိုက်သောအခါ ဂျင်းမဆလာနိုင်နိုင်ခတ်ထားသည့် ချာလီယန်းကို ရှယ်ကင်ထားသော ဆောင်းပါးများက မျက်နှာဖုံးသတင်းတိုင်းမှာ ဝေဝေဆာဆာ။ အချို့က ချာလီယန်းပုံ မျက်နှာဖုံးပါသည့် သတင်းစာကို အီးကုံးဖို့ သီးသန့်ဝယ်သည်ဆိုတော့ ရောင်းတောင်မလောက်။

"အင်စပတ်တော်‌ခေါင်းဖြူလဲ အတော်ပျော်ရှာမှာပေါ့ လူသတ်သမားရှာတွေ့သွားပြီဆိုတော့"

ဟောက်ရွှမ်းက သတင်းစာကို ဗြန်းကနဲမြည်အောင်ပိတ်ရင်း ရိပေါ်ကို ရယ်ကျဲကျဲနှင့် ကြည့်နေသည်။ ရိပေါ်က ပုခုံးတွန့်ပြရင်း ကျိန်းသေပေါ့ဟု ဆိုကာ ပြုံးနေလိုက်သည်။ ကျိယန်ကသာလျှင် မျက်ခုံးတွေ တွန့်ချိုးကာ စိတ်အလိုမကျဟန်ဖြင့်

SHADOW PLAYWhere stories live. Discover now