Warning : Warning for explicit sexual content. Please read at your own risk. အသက် 16 နှစ်အောက်များမဖတ်ရန် တောင်းဆိုသည်။
🚨🚨🚨
ရိပေါ်၏ လက်ချောင်းရှည်ရှည်များက သူ့ရင်ဘတ်ကို ကန်ထားသည့် ခြေဖဝါးလေးကို ဖမ်းဆုပ်လိုက်ကာ နီရဲနေသည့် ဖဝါးပြင်ကို ခပ်တင်းတင်းလေး ဖိနှိပ်လိုက်သည်။ ထို့နောက် သူ့လက်တစ်ဆုပ်စာသာရှိသည့် ခြေကျင်းဝတ်သေးသေးလေးကနေ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ကာ ဆွဲမြှောက်လိုက်တော့ ခုံပေါ်ထိုင်နေသည့် ရှောင်းကျန့်ကိုယ်လုံးလေးက လျှောကနဲပါသွားသည်မှာ ခုံပေါ်မှ ပြုတ်ကျလုနီးနီး။
ရိပေါ်က ဖြူဖွေးနေသော ခြေဖမိုးပေါ်မှ အကြောစိမ်းစိမ်းလေးများကို နမ်းရှုပ်လိုက်သည်။ ထို့နောက် ပတ္တမြားရောင် ရဲရဲတောက်နေသည့် ခြေဖဝါးပြင်ကို နှုတ်ခမ်းဖျားနှင့် ထိကပ်ရင်း နမ်းရှုပ်ရင်းမှပင် ရှောင်းကျန့်နှုတ်ခမ်းမှ လျှံထွက်လာသည့် ပင့်သက်အချို့ကို နားထောင်ကာ
"ပေါင်ပေါင်း . . . မင်းက ကိုယ့်စိတ်ကို တကယ်ဆွပေးနိုင်တာပဲ။ မင်းနဲ့ဆိုရင်တော့ ပျင်းစရာကောင်းတယ်ဆိုတာ ဘာမှန်းတောင် သိရမယ်မထင်ဘူး။"
ရိပေါ်က ပြောရင်း ရှောင်းကျန့်၏ ဖယောင်းရုပ်တုသဖွယ် လုံးသွယ်နေသည့် ခြေချောင်းလေးများကို ကိုက်ချလိုက်တာမို့ ရှောင်းကျန့်ဆီက အော်ညည်းသံထွက်လာခဲ့သည်။ ရိပေါ်၏လက်တဖက်က ရှောင်းကျန့်၏ ပိုးသားဘောင်းဘီအပွကို တွန်းတင်လိုက်ပြီး ပေါ်လာသည့် ခြေသလုံးသားဖြူဖြူတို့ကို ပွတ်သပ်ရင်းမှ ပင် လက်က ဘောင်းဘီအတွင်းကိုလျှိုကာ ပေါင်အရင်းအထိ ပွတ်သပ်နေတော့သည်။
ထို့နောက် ခြေထောက်ကို ဆွဲယူကာ သူ့ခါးမှာချိတ်စေပြီး သူကတော့ ပွင့်ဟနေသည့် ရှောင်းကျန့် နှုတ်ခမ်းနှစ်လွှာမှာ သူ့နှုတ်ခမ်းကို ဖိကပ်ကာ တံဆိပ်ခတ်နှိပ်လိုက်သည်။ ဝမ်ရိပေါ်၏ စိုစွတ်နေသည့်လျှာက ရှောင်းကျန့် အောက်နှုတ်ခမ်းကို အကြိမ်ကြိမ် ပွတ်သပ်နေပြီးနောက်မှာ ထူအိအိအောက်နှုတ်ခမ်းလေးမှာ ဝမ်ရိပေါ်၏ အားမလိုအားမရ ကိုက်ဖဲ့ခြင်းကိုခံလိုကိရတော့သည်။ အထက်မှာလဲ ရမ္မက်ပြင်းပြင်းနှင့် နမ်းနေသလို အောက်မှာလဲ ဒူးအထက်အထိလိပ်တက်နေသော ဘောင်းဘီအတွင်းထဲသို့လျှိုကာ ပွတ်သပ်နေသည့် ပူနွေးနေသည့် လက်ဖဝါးကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံးမှာ လျှပ်စစ်ဓာတ်တွေစီးနေသည့်နှယ် တဖျဉ်းဖျဉ်းနှင့် ကြက်သီးလှိုင်းတွေက တရိပ်ရိပ်။
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။