အခု သူက သားကောင်ဖြစ်သွားပြီလား။ ထိတ်လန့်စိတ်ကြောင့် ရှောင်းကျန့်တစ်ကိုယ်လုံး တုန်ယင်လာသည်။ ဝမ်ရိပေါ်က သူ့ကို နောက်နေတာများလား။ ဒါပေမဲ့ မှောင်မည်းနေသည့် မြင်ကွင်းနှင့် တစ်ကိုယ်လုံးလှုပ်မရသည့်ပုံစံဖြစ်အောင် ကြိုးတုပ်ထားပုံက နောက်ပြောင်နေသည်နှင့်လားလားမှမတူ။
ဘာဆက်ဖြစ်မှာလဲ ဆိုသည်ကို မတွေးတတ်တော့။ လွတ်မြောက်အောင် ကြိုးစားရဖို့ကလည်းသူ့ပတ်ဝန်းကျင်မှာ ဘာတွေရှိနေလဲ ဘာတွေဖြစ်နေလဲ။ ယုတ်အစွဆုံး သူဘယ်ရောက်နေလဲတောင်မသိရ။ ရှောင်းကျန့်က အကဲစမ်းသည့်အနေဖြင့် သူ့ကိုယ်ကိုအနည်းငယ်လှုပ်ကြည့်သည်။ ခပ်မာမာမျက်နှာပြင်ပေါ် ပုခုံးကအားပြုထောက်ထားရသောကြောင့် ပုခုံးနှစ်ဖက်လုံးက ကျွတ်ထွက် ကာ ကျိုးကြေတော့မလိုနာကျင်သွားရတော့သည်။
"အ. ."
ရှောင်းကျန့်အသံထွက်အောင် ညည်းမိတော့သည်။ ပြီးတော့ အသံတိတ်ပြီး ဘာအသံများကြားရမလဲနားစွင့်ပေမယ့် သူ့ဘေးပတ်ဝန်းကျင်က တိတ်ဆိတ်မြဲ။ သူ့ဘေးမှာ ဘယ်သူမှ မရှိဘူးထင်ပါရဲ့။ ရှောင်းကျန့်ကတွေးပြီး လူလက်ချောင်းရှည်ရှည်တွေကို လှုပ်ရှားကာ ကြိုးစကိုရှာသည်။ အကယ်၍သာ လက်ရှိသူ့ကိုဖမ်းထားသူသည် ဝမ်ရိပေါ်သာဆိုလျှင် သူ့ကို ချည်နှောင်ထားသည့် ကြိုးထုံးသည်လည်း လိပ်ပြာပုံဖြစ်နိုင်သည်မို့ ကြိုးစကိုစမ်းလို့ရနိုင်သည်။သူ့လက်ကို လိမ်ချိုးပြီး ကြိုးစကို စမ်းရှာနေစဉ် တံခါးဖွင့်သံနှင့်အတူ ခြေသံများကြားလိုက်ရသည်။ အခန်းထဲ လူဝင်လာသည်ဆိုသည့် အသိမှာ သူဝတ်လစ်စလစ်ဖြစ်နေသည် ဆိုသည့် အသိကပါ ကပ်ပါလာတော့ ရှောင်းကျန့် မူးမေ့ချင်သွားသည်။
"ဟား. . . ဒီ ဝမ်ခွေးကောင်ကတော့ တကယ်ပါလား"
ရယ်သံနှင့်အတူ လှောင်ပြောင်သည့် စကားသံပိုင်ရှင်ကိုသူချက်ချင်းမှတ်မိသွားသည်။ ချာလီယန်း. . .ရှောင်းကျန့်တစ်ကိုယ်လုံးထူပူလာသည်။ ဒီတူဝရီးလက်ကနေ သူလွတ်ပြီလို့ထင်ခဲ့တာလေ။ အခုတော့ ဝမ်ရိပေါ်က သူ့ကို ဒီအကောင်လက်ထဲ တည့်တည့်အပ်လိုက်တာလား။
YOU ARE READING
SHADOW PLAY
Fiksi Penggemarသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။