လုံဟူတောင်ကား ခေတ်အဆက်ဆက် စစ်ပွဲများတွင် ခံတပ်အခြေစိုက်ရာနေရာဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုဒဏ်ကို ခဏခဏခံခဲ့ရသောကြောင့် လူနေမရှိသလောက် ကျဲပါးသည်။ ရိပေါ်တို့ကားက တောင်ခြေအစပ်က လူသွားလမ်းမှာရပ်လိုက်ရသည်။ တောင်ပေါ်တက်ရန် ယခင်က ဂျပန် စစ်သားများအသုံးပြုခဲ့သည့် လူသွားလမ်း ခပ်ရေးရေးမှလွှဲလို့ လမ်းဟူရယ်မရှိ။
ရိပေါ်နှင့် ဟောက်ရွှမ်းတို့က ရှေ့ကဦးဆောင်ပြီး သူ့လူတွေက အနောက်က ပါလာသည်။ ရှောင်းကျန့်နောက်ကို နောက်ယောင်ခံလိုက်ခဲ့သည့် တပည့်က
"လန်ချားသမားက ဒီတောင်ခြေမှာ ချထားခဲ့တယ်လို့ ကျိန်းသေပေါက်ပြောတယ် ဆရာ"ဟောက်ရွှမ်းက ရိပေါ်နောက်ကနေ ကပ်လိုက်လာရင်း
"တကယ်လို့မရှိရင်ရော. . ""မင်းအတွက် လမ်လျှောက်လေ့ကျင့်ခန်းရတာပေါ့"
တောင်ခြေမှသည် တောင်ထိပ်ဆီရောက်အောင် ၁၀မိနစ်ခန့်သာကြာသည်။ တောင်ထိပ်မှာကား ဂျပန်တို့ အသုံးပြုခဲ့သည့် ခံတပ်ဟောင်းတစ်ခုရှိသည်။ စွန့်ပစ်ခဲ့သည်မှ လေးငါးနှစ်မျှသာ ကြာမြင့်သေးသော်လည်း ရေညှိအလိမ်းလိမ်းနှင့် ခြုံနွယ်တို့ဖုံးနေလေပြီ။ခြုံတွေပိတ်နေသည့် ဥမင်လှိုဏ်များတွင် တစ်ပေါက်ကို ရိပေါ်က ညွှန်ပြလိုက်သည်။ ထိုလှိုဏ်ခေါင်းများကား စစ်အတွင်း ခံတပ်အတွင်း ခိုအောင်းရာ၊ ရုံးခန်းများနှင့် လျှို့ဝှက်ဂယ်ပေါက်များကို ဆက်သွယ်ပေးထားရာဖြစ်သည့် အားလျော်စွာလမ်းကြောင်းများက ဝင်္ကပါလို ယှက်နွယ်နေသည်။
အားလုံးက သေနတ်များကို အသင့်ဆွဲထုတ်ကိုင်ထားပြီး တတ်နိုင်သမျှ ခြေကိုဖွနင်းလာကြသည်။ ခြေသံနှင့် စကားပြောသံသဲ့သဲ့ ထွက်လာသည့်အရပ်ကို မှန်းပြီးသူတို့လျှောက်လာခဲ့သည်။ မိုးရေတို့စိမ့်ကာ အချို့နေရာတွင် ရေစက်များက တတောက်တောက်ကျကာ ရေဗွက်အိုင်များ ဖြစ်လို့နေသည်။
"သူ့ကိုတခါတည်းရှင်းလိုက်ကြမလား"
"ခဏနေပါဦး မင်းကလဲ။ စိတ်မလောပါနဲ့"
"ခဏတိတ်စမ်း ခြေသံကြားတယ်"
တဖက်က စကားသံကို ပြတ်ပြတ်သားသားကြားလာရသလို ခြေသံတွေကြောင့် ရိပေါ်တို့လည်း ခြေလှမ်းကိုသွက်လိုက်ကာ အသံလာရာတို့ တရှိန်ထိုးပြေးလိုက်ကြသည်။ သေနတ်သံခပ်ကျယ်ကျယ်နှင့် ကျည်ဆံက ရိပေါ်ဘေးနားက နံရံကို လာမှန်၏။ ရိပေါ်က သူ့နောက်ကလူတွေကိုလှမ်းသတိပေးသည်။ "ရှောင်းကျန့်ကို မထိစေနဲ့"
YOU ARE READING
SHADOW PLAY
Fanfictionသွေးရဲရဲ သံရဲရဲ လူသတ်မှုများ၊ ကွင်းဆက်လူသတ်သမား ဘာညာများပါသည်။ စိတ်အခန့်မသင့်လျှင်မဖတ်ပါနှင့်။