အချိန်အားဖြင့် ညနေ ၃ နာရီခွဲ
အုံ့မှိုင်းမှိုင်းရာသီဥတုလေးမှာ မိုးရွာခါနီးပြီဖြစ်ကြောင်း အချက်ပြနေတဲ့ မိုးရနံ့နဲ့အတူ မြေသင်းရနံ့လေးတို့က လေထုထဲပျံ့နေသည်။ ကောင်းကင်မှကျဆင်းလာတော့မယ့် မိုးပြေးလေးတို့ရဲ့ ရှေးဦးအကြို တစ်ဖြူးဖြူးတိုက်ခက်နေသော လေပြေညှင်းတို့ကလည်း မျက်နှာပြင်တစ်လျှောက်ကိုလာရောက်ထိတွေ့သည်။
ခုံတန်းလေးထက်မှာ အချိန်အတော်ကြာတစ်ဦးတည်းထိုင်နေခဲ့သောသူက သူသဘောကျရတဲ့ မြေသင်းရနံ့လေးကို မျက်ဝန်းတို့ မှိုတ်လျက် တစ်ဝကြီးရှူရှိုက်လိုက်ရင်း ကောင်းကင်ကြီးဆီကိုမော့ကြည့်လိုက်သည်။ ပြိုကျတော့မယောင် ခဲရောင်ရင့်ရင့် မိုးသားတိမ်တို့က သူ၏စိတ်တို့နှင့် ထပ်တူညီနေသလိုပင်။
သက်ပြင်းသဲ့သဲ့ချလျက် မှိုတ်စက်ထားသော ခပ်စိတ်စိတ် မျက်တောင်ရှည်တို့ကို အားယူဖွင့်လိုက်ပြီး ညာဘက်လက်ထဲမှ စာအိတ်အဝါဖျော့ဖျော့လေးကို ဖွင့်ကြည့်လိုက်သည်။
မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ
ရွှေမှုန်တို့ဖြင့် ပုံဖော်ရေးသားထားသော စာလုံးတို့အားကြည့်နေရင်း ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းတို့ထက်မှာ ဖြစ်ပေါ်လာတဲ့ အပြုံးလေးတစ်ခုက နာကျင်မှုတို့ရောပြွန်းနေသည်။
"နောက်ဆုံးတော့ ဒီနေ့ကိုရောက်လာခဲ့ပြီပဲ"
ရေရွတ်သလိုထွက်ပေါ်လာတဲ့အသံလေးက တိုက်ခက်လာသော လေပြေထဲမှာ တိမ်ဝင်ပျောက်ကွယ်သွားသည်။ ထိုစာအိတ်လေးအား ပြန်လည်ခေါက်သိမ်းကာ တစ်ဖက်သို့ချထားလိုက်ပြီး ကောင်းကင်ကြီးကိုသာ ထပ်မံငေးကြည့်နေမိပြန်သည်။
"ဥာဏ်"
ဘေးဘက်ဆီမှ အသံကြောင့် သူလှည့်ကြည့်လိုက်တော့ သူ့ဘဝရဲ့တစ်ဦးတည်းသော ယုံကြည်အားကိုးခဲ့ရတဲ့သူ တစ်နည်းအားဖြင့် ဒီနေ့နောက်ဆုံးအထိသာ ပတ်သက်ခွင့်ရမယ့် ဆက်ဆံရေးရှိတဲ့သူ။
တစ်ချိန်တုန်းကတော့ ထိုသူနဲ့ သက်ဆုံးတိုင် အတူရှိခွင့်ရမယ်လို့ ထင်ခဲ့ဖူးတယ်။ သို့ပေမယ့် အနာဂါတ်နဲ့ ကံတရားဆိုတာ ကြိုတင်သိမြင်နိုင်တာမျိုးမှမဟုတ်ဘဲ။
YOU ARE READING
Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - Completed
Romanceချစ်ခြင်းမေတ္တာဆိုတာဘာလဲ