Part - 35

1.5K 71 9
                                    

အိပ်စက်နေရင်းတောင် တွန့်ချိုးနေတဲ့မျက်ခုံးတွေအား အသာထိတွေကာပြေလျော့စေရင်း ရင်ခွင်တိုးဝင်ကာ မေးဖျားလေးအားမော့၍ မထိတထိနမ်းရှိုက်နေမိသည်။

"အသားယူတာခံနေရတာပဲ"

မျက်လုံးဖွင့်မလာပေမယ့် ပိုတိုး၍ဖက်လာသူဆီမှ ရွှင်မြူးမြူးစကားသံလေးကြောင့် ညီလင်းဉာဏ် တစ်ဖက်သူ၏ ထင်းနေသော  လည်စေ့လေးအားခပ်ဖွဖွကိုက်ဆွဲလိုက်သည်။

"morning kiss မဟုတ်ဘဲ morning bite လား"

"အင်း မောင် အိပ်ချင်သေးလား၊ ဒီနေ့အစည်းအဝေးက နေ့လည်မှ အချိန်ရသေးတယ်အိပ်အုံး"

"မောင့်အတွင်းရေးမှူးလေးက သေချာမှတ်ထာာပဲ လစာတိုးပေးခိုင်းရတော့မယ်ထင်တယ်"

"မယူပါဘူးဆို စလာပြန်ပြီ"

"မောင့်ကိုရော"

"မောင့်ကိုပဲယူမယ်

"လူကိုရူးအောင်လို့ဗျာ"

"မောင် ငါက မင်းကို အများကြီး အများကြီးချစ်တယ်နော်"

စကားအဆုံး ဦးခေါင်းထက်ဆီမှ ခပ်နွေးနွေးအထိအတွေ့လေးကိုခံစားလိုက်ရသည်။

သဘောကျရတာပါပဲ။

အလုပ်စာပွဲမှာထိုင်လျက် ဖိုင်တွေကိုစစ်နေတဲ့သူက ပုံမှန်အတိုင်းပင်ရှိနေသည်ထင်ရသော်လည်း ထိုသို့မဟုတ်နေတာ ညီလင်းဉာဏ်ခံစားမိသည်။ တစ်ချက်တစ်ချက် ခပ်တွေတွေလေးဖြစ်သွားတတ်သည့် မျက်ဝန်းလေးတွေနှင့် ဖုန်း screen အား အကြောင်းမဲ့ ငေးကြည့်နေတတ်သည့်မျက်ဝန်းလေးတွေ။

ဘယ်လိုပဲ စိတ်နာတယ်ပြောပါစေ မိဘနှင့်သားသမီး မိသားစုဆိုသည့် သွေးကတော့ စကားပြောသည်ထင်သည်။

"မောင် ငါ ကော်ဖီသောက်ချင်လို့သွားဝယ်လိုက်အုံးမယ်"

"မောင်ရော လိုက်ခဲ့မယ်"

"မလိုက်ပါနဲ့ မင်းအလုပ်များနေတာကို ငါမင်းအတွက်ပါဝယ်ခဲ့ပေးမယ်"

"ဖြည်းဖြည်းသွား"

"yes boss"

ပြုံးရယ်ကာထွက်သွားသည့်သူ၏ ကျောပြင်ငယ်လေးအားငေးကျန်ခဲ့ရင်း ဧကရာဇ်နှလုံးအိမ်သည်လည်းခပ်နွေးနွေး။ အရင်က မြဲတမ်း အဝေးမှ ငေးကြည့်နေခဲ့ရသည့် ကျောပြင်ငယ်ကို အခုဆို ထွေးပွေးထားနိုင်ရုံတင်သာမက ပိုင်ဆိုင်သည်တဲ့။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedWhere stories live. Discover now