Part - 28

1.6K 72 8
                                    

Louvre Museum က ပြန်လာကထဲက ညီလင်းဉာဏ်ကုတင်ပေါ်မှမထတော့။ ဧကရာဇ်က ဘယ်နေရာသွားလည်လည် ထိုနေရာတွေနှင့် အနီးစပ်ဆုံးရှိသည့် hotelတွေမှာတည်းကာ အဆင်ပြေအောင်စီစဥ်ပေးပေမယ့် ညီလင်းဉာဏ်က ဒီအခန်းလေးကိုပဲသဘောကျသည်။

သူမသိခဲ့သည့် ဧကရာဇ်၏ အငွေ့အသက်တွေရှိတဲ့ ဒီနေရာက ရင်ခုန်စိတ်လှုပ်ရှားမှုနှင့် နွေးထွေးလုံခြုံမှုကို တစ်ပြိုင်တည်းပေးစွမ်းသည်။

"ပင်ပန်းသွားပြီလား"

"ဟင့်အင်း"

ပါးစပ်ကသာငြင်းနေပေမယ့် မျက်ဝန်းတို့ဖွင့်မလာတော့တဲ့သူက ခေါင်းအုံးထဲပါးပြင်တစ်ဖက် နစ်ဝင်နေသည်အထိ ဖိကပ်လျက် ငြိမ်သက်နေသည်။ နဖူးပြင်ထက် ခပ်ဖွဖွအနမ်းခြွေမိတော့ နှုတ်ခမ်းတို့ကပြုံးသွားလျက် "မောင်" ဟုခပ်တိုးတိုးရေရွတ်လာသည်။

"မောင် ရေချိုးလိုက်အုံးမယ်နော် အိပ်နေမှာမလား"

"မအိပ်ပါဘူး"

"အဲ့ဒါဆို ဒီအတိုင်းလေးနေနေနော်"

"အင်း'

မအိပ်ပါဘူးဆိုသူက ဧကရာဇ်ရေချိုးပြီးထွက်လာသောအသက်ရှူသံမှန်မှန်လေးဖြင့် ငြိမ်သက်နေတာကြောင့် ဧကရာဇ်မှာသဘောကျလို့မဆုံး။

"ပင်ပန်းသွားပြီ မောင့်အချစ်"

"အင်းးးး မောင် အိပ်မယ်"

"အင်း အင်း အိပ်မယ် အချစ်အိပ်နှင့်နော်"

သဘောကျရသည်။ ပိုင်ဆိုင်တယ်ဆိုတာ လူကိုတင်မဟုတ်ဘဲ စိတ်နှလုံးကိုပိုင်ခွင့်ပေးခဲ့ခြင်းအတွက် ဧကရာဇ်တကယ်ကိုသဘောကျပြီးကြည်နူးလို့မဆုံး။

"ကျေးဇူးတင်ပါတယ် မောင့်အချစ်"

တစ်ခုခုဆိုရင် ပထမဆုံးသတိရမိတဲ့သူအဖြစ်။
အမှတ်တမဲ့ဆိုရင်တောင် ယောင်ရမ်းတတ်တဲ့ နာမ်စားလေးအဖြစ်။
မင်းရဲ့စိတ်မှာ မောင်ရှိနေတယ်ဆိုတဲ့ခံစားချက်၊ မောင့်ရဲ့ တည်ရှိနေမှုကို မင်းသိနေတယ်ဆိုတဲ့အသိနဲ့တင် ရူးမတက်ပဲ။

"မင်းက မောင့်အပိုင်လေးအဖြစ်ရှိနေမယ်မလား"

ပါးပြင်လေးအားခပ်ဖွဖွပွတ်သပ်လျက် တီးတိုးစကားတို့တိုရင်း အိပ်ပျော်နေသူလေးအားငေးကြည့်လို့သာ အချိန်တို့ကုန်ဆုံးစေလိုက်သည်။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedWo Geschichten leben. Entdecke jetzt