"ညီ!"
ဘေးနားကပ်ကာ အသံကိုအနည်းငယ်မြင့်ခေါ်လိုက်မှ ကိုယ်လေးတုန်သွားလျက် လှည့်ကြည့်လာသူက ယခုမှသာ သူခေါ်နေသည်ကို ကြားသည့်ပုံ။
"မောင် ခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ"
"ဟင် ငါ ဒီ ဒီအတိုင်း"
ထမင်းစားနေကြချိန်ဖြစ်တာမလို့ အိမ်ကလူတွေကပါ အာရုံတစိုက်ကြည့်လာတော့ ညီလင်းဉာဏ်အားနာသွားရသည်။
"ညီလင်း အိမ်မှာနေရတာအဆင်မပြေလို့လား ဒီရက်ပိုင်း ညီလင်းကြည့်ရတာမပျော်သလိုပဲ ကိုကိုပြောတာဟုတ်တယ်မလား ဘုန်းမာန်"
သတိုးထွဋ်ပြောသည်အား ဧကရာဇ်ပြန်မဖြေပေမယ့် သူ့ကိုတော့ စိုးရိမ်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသည်မလို့ ညီလင်းဉာဏ်စကားလမ်းကြောင်းလွှဲဖို့တွေးရသည်။
"ငါ စာအုပ်ကိစ္စအတွေးလွန်သွားလို့ပါ"
"ဟုတ်တယ် ကိုကို၊ ဒီရက်ပိုင်း ညီက အလုပ်ကိစ္စတစ်ခုအတွက် အတွေးများနေတာ"
"အင်းပါ ငါက ငါကြောင့်သက်သက်နဲ့ မင်းတို့အဆင်မပြေဖြစ်မှာ စိုးရိမ်လို့"
"မဖြစ်ပါဘူး ကျွန်တော်တို့အဆင်ပြေပါတယ်"
"ကိုကို လှိုင်းက ကိုကို့ကိုပြောစရာရှိတယ် သူဘယ်ကစပြောရမှန်း မသိဘူးဖြစ်တာ ကိုကို အရင်စကားလမ်းကြောင်းပေးလိုက်ပါလား"
"သူ မင်းကို ပြောတာလား"
"အင်း"
"မင်းတို့ကြားက ရင်းနှီးမှုက မတွေ့တာကြာတာတောင် ပြောင်းလဲမသွားဘူး အရင်အတိုင်းပဲ"
သတိုးထွဋ်စကားအဆုံး ဧကရာဇ်မျက်နှာပြောင်းသွားသည်ကို ညီလင်းဉာဏ်သတိထားမိလိုက်သည်။ သူတို့စားပြီးကြတော့ ဧည့်ခန်းထဲမှာ ဧကရာဇ်နှင့် သတိုးထွဋ်တို့ စကားဆက်ပြောနေကြပေမယ့် ညီလင်းဉာဏ်ကတော့ ခြံထဲဆင်းကာ လမ်းခဏလျှောက်နေလိုက်သည်။
စိတ်တို့လွင့်နေပေမယ့် လေထုထဲမှာခံစားလိုက်ရသည့် ဇီဇဝါပန်းနံ့ကြောင့် ညီလင်းဉာဏ် အာရုံပြောင်းသွားကာ ခြံထဲ ဟိုကြည့်ဒီကြည့်ဖြစ်သွားရသည်။ သူထင်တာမမှားပေ ပန်းပင်တွေကြားမှာ ဇီဇဝါပန်းခြံသေးသေးလေးရှိနေသည်။ အဖြူရောင်ဇီဇဝါတို့က လှပစွာဖူးပွင့်နေလျက်ရှိပြီး ရနံ့တို့သည်လည်းမွှေးလွန်းလှသည်။
BINABASA MO ANG
Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - Completed
Romanceချစ်ခြင်းမေတ္တာဆိုတာဘာလဲ