Part - 44

1.5K 74 35
                                    

"ဉာဏ် ဉာဏ်!"

"အမေ့!"

"လန့်သွားတာလား ငါခေါ်နေတာကြာလှပြီ ဘာတွေတွေးနေတာလဲ"

"ဟမ် ဒီအတိုင်း ဒီအတိုင်းပဲ"

"ဒီအသားတွေက စားလို့ရနေပြီ စားတော့"

နှစ်ယောက်သား ဟော့ပေါ့သွားစားကြမယ်ဆိုပြီး အပြင်ရောက်နေခဲ့ကြခြင်းမှာ ညီလင်းဉာဏ်စိတ်မပါနေ။ သူစားချင်တယ်ဆိုလို့ မာန်စစ်သော်ကအတူလိုက်ပေးခြင်းမှာ အစက ညီလင်းဉာဏ် တက်ကြွနေခဲ့သော်လည်း သူစားဖို့ပြင်ဆင်ပေးနေသည့် မာန်စစ်သော်ကိုကြည့်ရင်း မည်သည်ကိုအတွေးရောက်သွားမိသည်လည်း ကိုယ်တိုင်ပင်သေချာမသိ။

"ဂဏာန်းစားမယ်မလား"

"မာန်စစ်သော်"

"အင်း ဘာလိုချင်လို့လဲ"

"ငါ ရေခဲစားချင်တယ်"

သူ့စကားကြောင့် ဂဏာန်းခွာနေရင်းမော့ကြည့်လာသူက သူ၏ရှေ့တည့်တည့်မှ ရေခဲခွက်ကိုကြည့်လိုက် သူ့ကိုကြည့်လိုက်ဖြစ်နေသည်။ ဟုတ်သည် ရေခဲတုံးထိုင်ဝါးနေပေမယ့် စားချင်သည့်စိတ်ကပျောက်မသွားသည်မှာ အကြောင်းပြချက်မရေရာနေခဲ့။

"ဘာမှမဟုတ်တော့ဘူး ရေခဲမုန့်သွားယူလိုက်အုံးမယ်"

ညီလင်းဉာဏ်ထထွက်ခဲ့လိုက်ရင်းမှ ရေခဲမုန့်ခပ်နေရင်းကနေ စိတ်ထဲမစားချင်တော့ပြန်။

အပြန်ကားပေါ်မှာလည်း စိတ်ထဲမည်သည်ကို မကျေနပ်နေသည်ဟု ခေါင်းစဥ်တပ်မရသော ခံစားချက်တို့ကြောင့် တိတ်ဆိတ်နေမိပြီး မျက်ဝန်းတို့ကိုမှိုက်ချထားမိသည်ကို မာန်စစ်သော်က သူအိပ်ပျော်နေသည်ဟုထင်သွားသည်ကြောင့် ကားကိုအရှိန်လျော့မောင်းပေးနေတာသိပေမယ့် ထိုအတိုင်းသာမှေးနေခဲ့သည်။

ဒီနေ့လည်း ညီလင်းဉာဏ်ပျင်းပျင်းနှင့် game ထိုင်ဆော့နေရင်း အသုံးအဆောင်အချို့လိုနေသည်ကိုသတိရကာ အပြင်ထွက်ဖို့တွေးမိသည်။ မာန်စစ်သော်က အပြင်သွားမယ်ဆို သူ့အား​ဖုန်းဆက်ဖို့ ခဏခဏမှာထားသည်ကြောင့် လှမ်းပြောဖို့တော့ တွေးလိုက်သည်။ သူတစ်ယောက်ထဲအပြင်ကို မသွားစေချင်ပုံရသည်ကို ခံစားမိပေမယ့် ကလေးမှမဟုတ်ပါဘဲ။ မြို့တစ်မြို့က ၃နှစ်ကျော်အတွင်း ဘယ်လောက်ပြောင်းလဲနိုင်မည်မလို့လဲ။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedDonde viven las historias. Descúbrelo ahora