Part - 33

1.6K 72 10
                                    

နူ့ညံ့စွာထွေးပွေ့ထားပေးတဲ့ ရင်ခွင်ကျယ်ထဲပိုတိုးဝင်ရင်း ညီလင်းဉာဏ် နိုးနေပေမယ့်မထချင်သေးပြန်။ အခုတစ်လော ပိုပိုပျင်းတတ်လာတာ ကိုယ့်ကိုကိုယ်သိပေမယ့်လည်း ထိုအတိုင်းသာနေနေမိသည်။ အလိုလိုက်ရင်ပိုဆိုးတတ်ကြတာ ကလေးတွေပဲမဟုတ်ဘူးလား။ သူက ကလေးမှမဟုတ်တာ။ ဆိုးတာမဟုတ်ဘူး ပျင်းနေရုံ။

လက်ကောက်ဝတ်က မသိမသာခပ်အေးပေးခံစားမှုကြောင့် မျက်ဝန်းတို့ဖွင့်လာလျက် သွယ်ယှက်ထားတဲ့လက်ကလေးတွေအား မြှောက်ကိုက်ကာ သဘောကျစွာပြုံးရယ်နေမိသည်။

စာရေးဆရာတစ်ယောက်ဖြစ်သည့် သူ့အတွက် သိပ်ချစ်ရပါသည်၊ ရူးလောက်အောင်ချစ်ရသည် ဆိုသည့်စကားလုံးတွေကို ကြိမ်ဖန်များစွာရေးသားသုံးနှုန်းခဲ့ပေမယ့် စာသားလှအောင် အပိုရေးသားခဲ့ခြင်းသာ။ မညာတမ်းဝန်ခံရရင် ထိုစကားလုံးတွေ၏ ခံစားချက်အစစ်အမှန်ကို မသိခဲ့။

တကယ့်လက်တွေ့မှာ ကျွန်တော်တို့ တစ်စုံတစ်ယောက်ကို သိပ်ချစ်မိတဲ့အခါ ချစ်တယ် ဟု တဖွဖွရေရွတ်နေမိတာတောင် လုံလောက်သည်ဟု မခံစားရ။ ထိုခံစားချက်အားဖော်ပြရန် မည်သည့်စကားလုံးက လုံလောက်သည်နည်းပင် မသိတော့။

ငါ့အပိုင်။
ဟုတ်တယ်မလား မောင်။ မင်းက ငါ့အပိုင်။
မသိမိခဲ့လို့ ငါကအများကြီး တောင်းပန်ပါတယ်။

တကယ်ဆို ရာဇ်က သူနဲ့အနီးကပ်ဆုံးထိရောက်မလာခဲ့တာမဟုတ်ဘဲ ရောက်မလာအောင် ဖန်တီးမိခဲ့သူက သူသာလျှင်။

မှိုက်ထားဆဲမျက်ဝန်းတို့ကို ခပ်ဖွဖွထိတွေ့နေရင်းမှ နှစ်ခြိုက်စွာပင်ပြုံးနေလျက် ညီလင်းဉာဏ်၏ လက်ညှိုးထိပ်လေးသည် ဧကရာဇ်၏မျက်နှာထက်ပြေးလွှားနေခဲ့သည်။

ရင်ခွင်ထဲ လှုပ်စိလှုပ်စိလုပ်နေပြီး အငြိမ်မနေသော ခေါင်းလုံးလုံးလေးကြောင့် ဧကရာဇ်နိုးလာရပေမယ့် မျက်နှာထက်ထိတွေ့နေတဲ့လက်ကလေးကြောင့် မျက်ဝန်းတို့ကိုဆက်၍သာ မှိုတ်ထားလိုက်သည်။ ထို့နောက် မျက်နှာအနှံ့ရွှေ့လျားနေခဲ့သော လက်ကလေးသည် နှုတ်ခမ်းနားမှာ ရပ်တန့်သွားပြီး မိနစ်အနည်းကြာသည်အထိလှုပ်ရှားမှုရှိမလာတော့။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - Completedحيث تعيش القصص. اكتشف الآن