Part - 15

1.9K 97 9
                                    

ဒီရက်ပိုင်း  အရင်ကထက် အလုပ်ပိုရှုပ်နေပုံရသော ဧကရာဇ်ကိုကြည့်ကာ ညီလင်းဉာဏ်မေးချင်ပေမယ့် စိတ်ထဲဘာကိုမကျေမလည်ဖြစ်နေသည်မသိတာကြောင့် ထုတ်မမေးဖြစ်။ ဧကရာဇ်အပေါ်ကို တစ်ခုခုမကျေနပ်သလို​ဖြစ်နေပေမယ့် အဖြေကိုလည်း သူကိုယ်တိုင်မသိနေ။

ဒီနေ့လည်း ဗိုက်ဆာတာကြောင့် ဧကရာဇ်အသင့်ထား ထားသော အကြော်အလှော်ဗူးတွေကို ဟိုဖွဒီဖွလုပ်ကာ သီးသန့်ပန်းကန်ထဲ မထည့်တော့ဘဲ ထမင်းစားပန်းကန်ထဲကိုသာ အကုန်စုထည့်ပြီး ပြီးစလွယ်ထိုင်စားဖို့ လုပ်နေရင်း စိတ်ကအလိုမကျဖြစ်နေပြန်သည်။

အရွက်ကြော်ပူပူလေးစားချင်လို့ အရွက်ခူးထားပေမယ့် ကြော်ရမှာပျင်းသည်ကြောင့် ဘေစင်မှာ ဒီအတိုင်းသာတင်ထားပြီး ထားလိုက်ပေမယ့် မျက်လုံးကတော့ ထိုမှခွာမရ။

ပူပူလေးဆို စားလို့ကောင်းမှာ!။

ထမင်းပန်ကန်ထဲ အစုံထည့်ထားသော ဟင်းတွေအား ထမင်းနှင့်ရောမွှေကာ စားလိုက်တော့ အရသာက တစ်မျိုးလေးစားကောင်းပေမယ့် အရွက်ကြော်ပါစားချင်တဲ့စိတ်ကြောင့် အလိုမကျ။ စိတ်လျော့ကာ ကြော်စားမည်ဟုတွေးပြီး ထိုင်နေရာမှ ထရပ်လိုက်ပေမယ့် ပျင်းနေသည့်စိတ်ကပိုသာသွားပြန်ကာ ပြန်ထိုင်လိုက်ပြန်သည်။

အဆင်ပြေမနေဘူး။

အခြားနေ့တွေ ဒီလောက်ထိမဖြစ်ပေမယ့် မနက်က ပူလို့ဆိုပြီး ၃နာရီမှာ ရေထချိုးပြီးနောက် air coolerကိုလည်း အအေးမြှင့်ကာအိပ်လိုက်တာကနေ မိုးလင်းတော့ ကိုယ်လက်မအီမလည်ဖြစ်နေကာ ခေါင်းကိုက်နေပြီး မလှုပ်ချင်တာကြောင့် ပိုဆိုးနေသည်။

စိတ်က ဟိုဟာဒီဟာနဲ့ မတည်မ​ငြိမ်အလိုမကျဖြစ်နေချိန် ခြံထဲသို့ ဆိုင်ကယ်ဝင်လာသံကြားတာကြောင့် ပြတင်းပေါက်ဘက်သို့ အကြည့်ရောက်သွားသည်။

ရာဇ်။

အမှတ်တကယ်ပင် ပြန်ရောက်လာသူကြောင့် မျက်လုံးအရောင်တို့လက်သွားပေမယ့် အလုပ်များနေတဲ့သူကို အနိုင်ကျင့်သလို ဂျီမကျချင်တာကြောင့် ကိုယ့်ထမင်းကိုသာဆက်စားနေလိုက်သည်။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedWhere stories live. Discover now