Part - 22

1.7K 90 12
                                    

"ငါ မင်းရဲ့သက်ဆိုင်သူဖြစ်ရင် ငါသိချင်တဲ့ မင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ သိခွင့်ရှိပြီမလား"

ပြောပြီးကာမှ မည်သည့်စကားသံမှထွက်မလာဘဲ သူ့ကိုပဲစိုက်ကြည့်နေတဲ့ ဧကရာဇ်ကြောင့် ညီလင်းဉာဏ်ပြေးပုန်းချင်လာရသည်။

ရည်းစားစကားအပြောခံထားရတာ ငါလေ ဟုတ်တယ်မလား အခုငါက အဖြေပြန်ပေးတာလေ တစ်ခုခုတော့ပြန်ပြောလေကွာလို့။

ညီလင်းဉာဏ် မနေတတ်တော့တာကြောင့် ထွက်ပြေးဖို့ခြေလှမ်းရွယ်လိုက်ပေမယ့် ချက်ချင်းဆိုသလို သူ့ပခုံးနှစ်ဖက်အားခပ်တင်းတင်းဆုပ်ကိုင်လာသူကြောင့် လူကတန့်သွားရသည်။

"ပြန်ပြော"

"ဟမ်!"

"အစောကပြောတာ ကျွန်တော့်ကိုထပ်ပြော"

"ငါကဘာ ဘာကိုလဲ မင်းကြားတယ်မဟုတ်ဘူးလား"

"ကြားတယ် သေချာထပ်ကြားချင်လို့ ပြန်ပြော"

"မင်းကြားလိုက်တာပဲကို"

"သေချာပြီလား ညီ ဆုံးဖြတ်ပြီးသွားပြီလား"

ထိုဆုံးဖြတ်ချက်က ညီလင်းဉာဏ်အတွက်လည်း လွယ်ကူနေခဲ့တာတော့မဟုတ်နေ။ ဦးနှောက်နဲ့ နှလုံးသားလွန်ဆွဲခြင်းမှာ နှလုံးသားရဲ့အလိုကပိုပြင်းပြနေခဲ့ခြင်းမှာ သူမတက်နိုင်ခဲ့။

"ကျွန်တော့်ကိုရွေးချယ်တဲ့ ညီ့ရဲ့ဆုံးဖြတ်ချက်ကသေချာပြီလား"

"မင်းဘာကိုမေးချင်တာလဲ"

"ကျွန်တော့်ရဲ့သက်ဆိုင်သူအဖြစ် ညီလက်ခံလိုက်တာသေချာရဲ့လား"

"မင်းဘာလို့ခဏခဏမေးနေတာလဲ ငါဖြေပြီးပြီကို"

"ကျွန်တော်ထပ်ကြားချင်လို့ ပြန်ပြော"

အမိန့်တစ်ခုလိုဖြစ်နေတဲ့ ထိုစကားတွေကို စိတ်ဆိုးလို့လည်းမရနေသလို စိတ်တိုလို့လည်းမရနေတာ ဘာကြောင့်များလဲ။ အဲ့ဒီအစား သူပြောတာကိုမယုံကြည်ခြင်းအတွက် ဝမ်းနည်းစိတ်တို့သာဝင်လာရသည်။

"ညီ ကျွန်တော့်ကိုကြည့်"

ညီလင်းဉာဏ် ခေါင်းငုံထားလျက်ပင် ခေါင်းရမ်းပြမိသည်။ မကြားတာလည်းမဟုတ်ဘဲနဲ့ မယုံသလို မေးနေတာက ခံရခက်လိုက်တာ။

Love Competition (ချစ်ခြင်းမေတ္တာပြိုင်ပွဲ) - CompletedWhere stories live. Discover now