HE not SE
နှင်းပွင့်လေးတွေခပ်ကျဲကျဲကျနေတဲ့လမ်းမဘက်ငေးရင်း ကော်ဖီဆိုင်ထဲမှလှမ်းငေးနေတဲ့ကောင်လေးတစ်ယောက် ။ သူ ကုန်ကြမ်းရှာနေခြင်းဖြစ်သည် ။ ဖြတ်သွားဖြတ်လာအတွဲတွေ ကို မျက်လုံးကျွတ်မတတ်လိုက်ကြည့်နေပေမယ့် သူရေးချင်တဲ့ စာပုံစံနဲ့ကိုက်တာမတွေ့သေးပေ ။
သူရေးချင်တဲ့ အပိုင်းဆက်ဝတ္ထုလေးကသာမာန်ဇာတ်အိမ်လေးပင် ။ သူဆင်းရဲမလေးနဲ့ သူဌေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်း ။
~ ငါနော်... ဘယ်ဘဝကဝဋ်ကြွေးပါလိမ့် ~
ကျွန်တော့်နာမည်က Lee Seungriပါ ။ ဘွဲ့ရပြီးကတည်းက ရုံးတစ်ခုမှာဝင်လုပ်ခဲ့ပေမယ့် ကံမပါဘူးထင်ပါရဲ့ အလုပ်ထွက်လိုက်ရတယ် ။ အခုတော့ ဝါသနာပါတဲ့ဝတ္ထုတွေရေးရင်း အယ်ဒီတာတစ်ယောက်နဲ့ ကြုံခဲ့တယ်လေ ။
သူက ကျွန်တော့်ကို သာမာန်ကျကျအချစ်ဇာတ်လမ်းလေးကို Happy endingနဲ့ရေးပေးပါတဲ့ ။
ကျွန်တော့်လို Faလေးကိုသက်သက်မဲ့စမ်းတာ ။ သူငယ်ချင်းတွေရဲ့ အကြောင်းရေးချင်ပေမယ့် ဒင်းတို့ကလဲ သူမသာကိုယ်မသာ Faတွေ ။ ဒါကြောင့်လဲ အပြင်ထွက် ကုန်ကြမ်းရှာရတော့တာပေါ့ ။
" iced mochaတစ်ခွက် espressoတစ်ခွက် "
~ အေးတဲ့ရာသီမှာဘာလို့iced mochaမှာနေတာပါလိမ့် ~
Seungriသိချင်စိတ်နဲ့လှည့်ကြည့်တော့ အိမ်နေရင်းအဝတ်ကိုမှ အပေါ်ကကုတ်ဝတ်ထားတဲ့စုတ်ချာချာမိန်းကလေးနဲ့ ခပ်ချောချော လူတစ်ယောက် ။
~ Oh! ငါရှာနေတဲ့ကုန်ကြမ်းက ကွက်တိပါလား ~
Seungri ထိုစုံတွဲကိုမျက်စိထောင့်ထောက်ပြီး လိုက်ကြည့်နေလေသည် ။ မိန်းကလေးကတော့ဘာမှမသိပဲ နေနေပေမယ့် ကိုလူချောကတော့ Seungriကိုပြန်ကြည့်လာလေသည် ။
~ ဟိုက်သေရော ဟိုလူငါ့ကိုကြည့်နေပါလား ဘယ်လိုလုပ်ရပါ့မလဲ အမှန်တိုင်းပြောပြီးသူတို့ဇာတ်လမ်းနားထောင်လိုက်ရမလား ~
Seungriဆုံးဖြတ်ချက်ကို မြန်မြန်ချလိုက်ပြီး ထိုစုံတွဲရှိရာဝိုင်းဘက်ကို ကူးသွားလေသည် ။
" ဟို ဟိုလေ ထိုင်မယ်နော် "
မိန်းကလေးကအစားငုံ့စားနေပေမယ့် ကိုလူချောကတော့ ခေါင်းငြိမ့်ပြလေသည် ။ Seungriလည်း မျက်စိစုံမှိတ်ပြီးထိုင်ချလိုက်လေရာ...