Love Story Of Reaper (Unicode)

78 7 0
                                    

Love Story of Reaper
(One shot)-19

"ဒီနေ့မင်းသေနှစ်စေ့ပြီ"

အသံနဲ့အတူရုတ်တရပ်ပေါ်လာတဲ့လူကြောင့်ဂျီယုံးကြောက်အားလန့်အားဖြင့်ထိုလူမျက်နှာအားဖြတ်ရိုက်မိလေသည်။ထိုအခါ တစ်ကိုယ်လုံးရှေးခေတ်သိုင်းသမားတွေပုံစံဝတ်ကာဝတ်ရုံအမဲခြုံထားတဲ့လူက..

အား!

"Sorry ညီလေးကအကို့ရှေ့ရုတ်တရပ်ကြီးပေါ်လာတော့လန့်တာပေါ့ ပြီးတော့ဝတ်ထားတာကြီးကလည်း.."

ဂျီယုံးကထိုလူ့တစ်ကိုယ်လုံးကိုသိမ်းကျုံးကြည့်နေတာကြောင့် ထိုလူခမျာလက်နှစ်ဖက်ကိုရင်ဘတ်ပေါ်ယှက်တင်ရင်း...

"ဒီလူသားဘာတွေလာကြည့်နေတာတုန်း"

"အဝတ်အစားကိုကြည့်တာလေ ညီလေးကသရုပ်ဆောင်လားဟင်"

"ဘာသရုပ်ဆောင်လဲ ငါကသေမင်းတမန် ဒီနေ့မင်းသေနှစ်စေ့ပြီ အဲ့တာကြောင့်လာခေါ်တာ"

"အယ် ညီလေးကတော့နောက်ပြီကွာ.."

ထိုသို့ပြောတော့ ဝတ်ရုံအမဲလူကမျက်နှာထားတင်းသွားပြီး သူ့ရဲ့ဝတ်ရုံထဲကစာအုပ်တစ်အုပ်ထုတ်လိုက်ကာ ဂျီယုံးရှေ့ထိုးပြရင်း...

"ဒီမှာတွေ့လား အမည်-ကွမ်ဂျီယုံး အသက်-28 သေဆုံးသည့်အကြောင်းရင်း-ကားတိုက်သေဆုံးမည် တဲ့ဒီတော့ဒီနေ့မင်းသေကိုသေရမယ်"

"ဟားဟားဟား ဟားဟား ညီလေးသရုပ်ဆောင်တာသိပ်တော်တာပဲ အကိုမင်းရဲ့ပရိတ်သတ်ဖြစ်သွားပြီ"

သေမင်းတမန်အတော်ပင်စိတ်မရှည်တော့ပေ။ ဒီလူမြန်မြန်သေမှသူ့bonusရမှာဖြစ်တာကြောင့်ထိုလူကို ကားလမ်းဘေးသို့လက်ဆွဲခေါ်သွားလိုက်လေသည်။

"ညီလေး အကို့အိမ်ကဟိုဘက်လမ်းမှာကွ ပြီးတော့ဒီလမ်းကအသွားအလာသိပ်မရှိဘူး မင်းကားငှါးလို့မရလောက်ဘူး"

သူထင်ရာသူ့ဘာသာဇွတ်ပြောနေတဲ့ဂျီယုံးကို ထိုသေမင်းတမန်ကစိုက်ကြည့်နေရင်း လမ်းမပေါ်သို့တွန်းထုတ်လိုက်လေတော့သည်။

"ဟာ.. ဘာလုပ်...

ဒုန်း ကျွီ...

ကားတိုက်သွားလေပြီ သို့ပေမယ့် အတိုက်ခံရသူကဂျီယုံးမဟုတ်ပေ။

Nyongtory One shot Collections💙❤️Where stories live. Discover now