Prince's delicious peach
* ဂရေဟယ်သာတိုင်းပြည်၏ အရှင့်သားJiyongမွေးနေ့မင်္ဂလာ *
ဆိုတဲ့လမ်းဘေးကြေငြာချက်ကိုဖတ်ပြီး ကျွန်တော်အကြံတစ်ခုရခဲ့တယ် ။ အဲ့တာကတော့ အရှင့်သားရဲ့မွေးနေ့ပွဲကိုသွားမလို့ပါပဲ ။ အဲ့ပွဲကသာမာန်ပွဲတော်တွေနဲ့မတူပဲ အနယ်နယ်အရပ်ရပ်က မင်းသမီးတွေပါတက်ရောက်တော့ ပိုးထည်ရောင်းတဲ့ ကျွန်တော့်စီးပွားရေးတွက်ချေကိုက်တယ်လေ ဟဲဟဲစဉ်းသာစဉ်းစားထားပေမယ့် သွားဖြစ်ဖို့ကမသေချာပါဘူး ။ ကျွန်တော်ကပထွေးနဲ့နေရတာလေ ပြီးတော့ အဲ့ပထွေးမှာသားနှစ်ယောက်ရှိတယ် ။ Tabiနဲ့ D liteတဲ့ ရုပ်ဆိုးဆိုးနှစ်ကောင်ပေါ့ ။
ပြောမယ့်သာပြောတာ ဟောဒီတိုင်းပြည်မှာ Seungriဆိုတဲ့ ကျွန်တော်ကအချောဆုံးလေ ငိငိ
" မင်းအထည်သွားရောင်းတာကြာလိုက်တာ ဘယ်သဝေထိုးနေတာလဲဟမ် သွားစမ်း မင်းအကိုနှစ်ယောက်ကိုသွားနိုး "
အိမ်ရှေ့ရောက်တော့ ပထွေးTaeyangဆိုတဲ့လူက အော်တယ် ။ မနက်စောစောထပြီးအထည်ရောင်းရတဲ့လူကိုမှအားမနာ နေဖင်ထိုးတဲ့အထိသေနေတဲ့ နှစ်ယောက်ကိုသွားနှိုးခိုင်းတယ်တဲ့ ဘယ်လိုတောင်ဘက်လိုက်သလဲဗျာ..
Seungriလည်းရောင်းလို့ရသမျှပိုက်ဆံတွေ ပထွေးလက်အပ်ပြီး ရုပ်ဆိုးညီနောင်ကိုနှိုးဖို့လာခဲ့တော့သည် ။ ယဉ်ကျေးလိမ်မာလွန်းတဲ့ လူချောလေးဟာ သူ့ရဲ့အကိုနှစ်ယောက်ကို ညှင်သာစွာနှိုးပါတော့တယ် ။
" ထစမ်း သေနာကျနှစ်ကောင် ထ "
" အွန်...... ဘာလဲကွာ မုန့်မုန့်စားချင်တယ် "
မကြီးမငယ်လက်မကြီးစုပ်ကာနေတဲ့Tabiကို Seungriကုတင်အောက်ဆွဲချလိုက်သည် ။ ထို့နောက် ကုတင်ပေါ်က D liteရဲ့နားနားကပ်ကာအော်လိုက်တော့
အား!!!!!
" အမယ်လေး Topနဲ့ငါနဲ့ညား "
အိပ်ယာနိုးတာတောင် နှာထပြီး နိုးတဲ့D liteရယ်ပါ ။
ရုပ်ဆိုးညီနောင်ကိုနှိုးပြီးတာနဲ့ ပထွေးအတွက် နေ့လည်စာပြင်ပေးဖို့ Seungriမီးဖိုချောင်ဝင်ရတော့သည် ။နေ့တိုင်းချက်ပြုတ်တဲ့အလုပ်ကSeungriတာဝန်မို့
မီးဖိုချောင်ကလည်း အရမ်း အရမ်းကိုသန့်ရှင်းပါတယ် ။ သူရှင်းထားတာမဟုတ်ပဲ ပထွေးဖြစ်သူက မနေနိုင်မထိုင်နိုင် တစ်နေကုန်အားယားနေလို့ ရှင်းထားရတာ ။