ဝိုင်ကုန်သည် အထိပ် (Unicode)

48 5 0
                                    

ဝိုင်ကုန်သည် အထိပ် (ToDae)

              ဗွီအိုင်ပီနိုင်ငံတော်ရဲ့ ဘုရင်ကြီး ဂျီပြာဂွန် မှာ သိပ်ကိုချစ်ရတဲ့ သားတော်တစ်ပါးရှိတယ် ။
             
သားတော်လေးကို သိပ်ချစ်ရတာမို့ နာမည်ကိုတောင် " ပေါက်ကရထိပ်တင် ဒရမ်ထတီးဖန်ဘွိုင်းထလုပ်တဲ့ ဒယ်ဆောင်း " ဆိုပြီး ဘွဲ့ထူးဂုဏ်ထူးတွေတပ်ပြီးပေးခဲ့သည် ။

ပြည်သူအားလုံးက အိုင်ဂျီမှာဘာတွေတင်မှန်းမသိတဲ့ဘုရင်ကြီး ဂျီပြာဂွန်ကို အတော်လေးလက်လန် (အဲ) အတော်လေးချစ်ကြောက်ရိုသေကြသည် ။

ဒါပေမဲ့ အဲ့ပြည်သူတွေထဲမှာ ဝိုင်ကုန်သည်အထိပ်ဆိုတဲ့သူတော့မပါခဲ့ပေ ။

အထိပ်က တရားမဝင်ဝိုင်တွေကို မရောင်းချပဲ ကိုယ့်ဘာသာသောက်ပစ်နေတာကြောင့် ဘုရင်ကြီးက ပြည်နှင်ဒဏ်ပေးထားတာပင် ။

ဒါကြောင့်မို့လဲ အထိပ်တို့က အဲ့ဘုရင်ကို ကြည့်လို့မရတာပဲ ။ ကိုယ့်ဘာသာဝိုင်သောက်တာလေ အပြာခရေဇီဘုရင်ကို အဖက်လုပ်စရာလား ။

ပြောမယ့်သာပြောရတာ အိမ်ရှေ့စံမင်းသားလေးကိုတော့ အထိပ်တော်တော်လေးသဘောကျနေမိတာအမှန် ။

မင်းသားလေးက တည်ငြိမ်အေးဆေးပြီးရင့်ကျက်တယ် ။ တစ်ခါတစ်ခါဦးထုပ်ကြီးဆောင်းပြီးသူ့ကိုယ်သူ ဒီပလေးဆိုလား ဘာလား ပြောနေတာတော့ချွင်းချက် ။

တစ်ခါက မင်းသားလေးရဲ့မွေးနေ့ကိုအထိပ် ခိုးပြီးသွားတက်ဖူးတယ် ။ အဲ့တုန်းကဆို မင်းသားလေးရဲ့ဒရမ်တီးနေတဲ့ပုံစံလေးကို အထိပ်စကြွေသွားရတော့တာပဲ ။

ဒါပေမဲ့ ပွဲပြီးအောင်တောင်မနေလိုက်ရပါဘူး ။ ဟိုဘုရင်စုတ်က သူ့စစ်သူကြီးကိုလွှတ်ပြီး အထိပ်ကိုအဖမ်းခိုင်းတယ်လေ ။ ဒါနဲ့အထိပ်လဲ ထွက်ပြေးလို့မလွတ်တာနဲ့ ဝိုင်ပုလင်းနဲ့စစ်သူကြီးကိုလာဘ်ထိုးလိုက်ရတယ် ။

အဲ့စစ်သူကြီးနာမည်က "တော်ဝင်စပ်စလူးဓာတ်ဘူးပိန်ဂျီဂျီအချစ်တော်ဘဲနိုင်စိန် ဆွန်းရီ"တဲ့ ။

အထိပ်အဲ့စစ်သူကြီးကိုလည်းကြည့်လို့ကိုမရဘူး ။ ဖြစ်ချင်တော့ မင်းသားလေးကအဲ့စစ်သူကြီးနဲ့သူငယ်ချင်းအရင်းခေါက်ခေါက်တွေဖြစ်နေတော့တာပဲ ။

Nyongtory One shot Collections💙❤️Where stories live. Discover now