Love Contest
(One shot) -25နေရောင်ခြည်ခပ်နွေးနွေးအောက်မှာဆွန်းရီစာအုပ်ဖတ်နေရင်းတွေးတောနေမိသည်က ဂျီယုံးအကြောင်း။ သူနဲ့ကမွေးကတည်းကပြိုင်ဘက်တွေဟုပြောလျှင်ပိုမှန်ပေလိမ့်မည်။ နှစ်ယောက်သားအရာရာကိုယှဉ်ပြိုင်ကြသည်။
နောက်ဆုံးပြိုင်စရာမရှိလျှင်ဘယ်သူ့မျက်တောင်ပိုရှည်သလဲဆိုပြီးပြိုင်တတ်ကြသေးသည်။ပြိုင်လိုက်တိုင်းရှုံးသူကဆွန်းရီ။ အပြတ်အသတ်ရှုံးတာမဟုတ်ပဲ လုံးဝကတ်သပ်ကာရှုံးရဖြင်းဖြစ်သည်။ ဒါကြောင့်ဆွန်းရီမှာမိမိအသာရမယ့်အခွင့်အရေးကိုအမြဲရှာဖွေလျက်ရှိသည်။
"ရို့ bro ဘာတွေကြံနေတာလဲ"
"အော် ဘယ်သူများလဲလို့ အိမ်ထောင်ရှင်မကြီးဒယ်ဆောင်းပါလား"
"ကျွတ် လူကိုအကောင်းပြောမယ်မရှိဘူး အဲ့တာကြောင့်မင်းအမြဲတမ်းဂျီယုံးကိုရှုံးရတာ"
"လာပြန်ပြီ အဲ့အကောင်အကြောင်း အိမ်လာတာဘာကိစ္စလဲ"
"မင်းကိုအကူညီလေးတောင်းမလို့ ငါတို့ဒယ်ဟွန်းလေးကိုမင်းဆီအပ်ခဲ့ချင်လို့ ငါတို့မိဘတွေကအမွေဖြတ်ထားတာဆိုတော့အကူညီတောင်းဖို့လူမရှိဘူးလေ"
"ဘာ ဘောပဲရမယ်ဟေ့ကောင် မင်းတို့ကလေးမင်းတို့ထိန်းပါ့လား ငါကလေးမချစ်တတ်ဘူးဆိုတာသိရက်နဲ့"
အမှန်ပင်ဆွန်းရီကလေးမချစ်တတ်ပါ။ အကြောင်းမှာဂျီယုံးကသူ့တွေ့တိုင်းကလေးဟုစနောက်ပြီးပါးလိမ်ဆွဲတတ်တာကြောင့် ကလေးဆိုတဲ့စကားလုံးကိုမုန်းသလို ကလေးလေးတွေကိုမြင်ရင်လဲအတိတ်ကအကြောင်းကိုသတိရတတ်တာကြောင့်ပင်။
ယခု ဒယ်ဆောင်းပြောသော ဒယ်ဟွန်းလေးဆိုသည်မှာ ဒယ်ဆောင်းနဲ့သူ့ရဲ့ချစ်ခင်ပွန်းတို့မနေနိုင်မထိုင်နိုင်မွေးစားထားတဲ့ကလေးလေး။ အခုမှတစ်နှစ်တောင်မပြည့်သေးပေ။
"ကူညီပါကွာ ငါ့ယောက်ျားပွဲကိုစိတ်မချလို့လိုက်သွားချင်လို့ ကူညီနော် တစ်လတည်းပါကွာ တစ်လတည်း"
ဒယ်ဆောင်းဆိုတာသူ့ယောက်ျား ကျားကိုးစီးစားမကုန်တဲ့လူကြီးကိုသဲသဲလှုပ်ဖြစ်နေတတ်တဲ့လူမျိုး။ အဲ့တာကြောင့်ပဲဆွန်းရီပိုလို့တောင်မကူညီချင်ပေ။