Seungri in underwater world (Unicode)

73 9 0
                                    

Seungri in underwater world
(One shot)-17

"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့်...

အထပ်ထပ်အခါခါကြားနေရတဲ့ဖုန်းအော်ပရေတာအသံကို လူငယ်တစ်ယောက်ငိုနေရင်းမှနားထောင်နေလေသည်။ စက်ပိတ်ထားတဲ့ဖုန်းနံပါတ်တစ်ခုကိုအကြိမ်ကြိမ်အခါခါခေါ်ရင်း အရူးတစ်ယောက်လိုပင်လယ်ဘက်လှည့်ပြီးအော်လိုက်သူက Lee Seungri။

တက်ကြွလွန်းတဲ့တက္ကသိုလ်ကျောင်းသားဘဝနဲ့လောကကြီးကိုပျော်ပျော်ဖြတ်သန်းနေတဲ့လူငယ်တစ်ယောက်။ အရာရာအေးချမ်းနေတဲ့သူ့ဘဝလေးကအများအားကျစရာပင်။ သို့ပေမယ့် ရည်းစားဦးရဲ့သစ္စာဖောက်ခြင်းခံရပြီးနောက်မှာတော့ Seungriရဲ့အေးချမ်းတဲ့ကမ္ဘာလေးကွယ်ပျောက်သွားရလေတော့သည်။

အချစ်ဖျား'ဖျားနေတဲ့သူ့ကိုမိဘများကစိတ်ကြည်လာစေရန်ပင်လယ်ဘက်လွှတ်ကာအစောင့်အရှောက်နဲ့ထားခဲ့ပေမယ့် Seungriကတော့ လုံခြုံရေးများမသိချိန်ပင်လယ်ဘက်ကိုတစ်ယောက်တည်းစက်လှေမောင်းထွက်လာရင်း...။

ကြည်လင်ပြီးအတိုင်းအဆအနက်ခန့်မှန်းမရနိုင်တဲ့ရေပြင်ကိုစိုက်ကြည့်တော့ ရေပြင်ကနေရောင်ပြန်ဟပ်လို့တွေ့ရတဲ့ကိုယ့်ပုံကိုယ်ပြန်မြင်ရလေသည်။

အလွန်ငိုထားတာကြောင့်မျက်လုံးလေးများတောင်ချိုင့်နေပြီးနီရဲနေကာလူရုပ်ပင်မပေါက်တော့ပေ။

Seungriရေပြင်ကိုစိုက်ကြည့်နေချိန်မှာပဲ ရေထဲမှပေါလောပေါ်လာတဲ့ပုလဲလုံးကြီးတစ်လုံး။ လက်နှစ်ဖက်စာအရွယ်အစားရှိတဲ့ပုလဲလုံးကြီး။

*ငါတော့ပွပြီဟေ့* Seungriနှာရည်ကိုသုတ်လိုက်ရင်းမှတွေးလိုက်ခြင်းဖြစ်သည်။ ထို့နောက်ထိုပုလဲလုံးကြီးကိုဆယ်ယူဖို့လက်လှမ်းလိုက်တော့ ထိုပုလဲလုံးကြီးကSeungriကိုဆွဲငင်ယူကာရေနက်ထဲခေါ်ဆောင်သွားလေတော့သည်။

"ဖလူး ဖလူး အွတ် ငါရေကူးမကျွမ်းသေးဘူးကွ ငိုးမပုလဲလုံးရဲ့"

ပုလဲလုံးကြီးကိုကိုင်ထားတဲ့လက်တွေကိုဖြုတ်လိုက်လို့လဲမရအောင်ကပ်တွယ်နေပြီး သူ့ကိုရေအောက်ပိုင်းထိဆွဲယူနေဆဲပင်။

Nyongtory One shot Collections💙❤️Where stories live. Discover now