💛 Loyal Love (One Shot)
"အရှင်မင်းကြီးကျမ်းမာပါစေ..."
ဟစ်ကြွေးသံနဲ့အတူ မှူးမတ်တွေ၊ ပညာရှိတွေ၊ စစ်သူကြီးတွေ ရှိရှိသမျှသောလူအားလုံးကအရှင့်ဘုန်းတန်ခိုးကြောင့်ပြားပြားဝပ်ဦးညွှတ်ကြတာပေါ့။ အရှင့်ရဲ့မျက်နှာတော်ကိုမြင်ချင်လွန်းလို့
ခိုးကြည့်မိတဲ့ကျွန်တော်မျိုးကိုအပြစ်မယူပါနဲ့အရှင်။ ရဲရင့်ခြင်းကိုယ်စားပြုအနီရောင်နဲ့တောက်ပတဲ့ရွှေရောင်ပေါင်းစပ်ထားတဲ့ဝတ်ရုံနဲ့အရှင်ကအရမ်းကျက်သရေရှိလွန်းပါတယ်။ ခြေလှမ်းလှမ်းလိုက်တိုင်းကျွန်တော်မျိုးအတွက်တော့ကြယ်တွေကြွေကျနေသလိုပါပဲအရှင်။ပလ္လင်ပေါ်ကိုအေးအေးချမ်းချမ်းတက်လာတဲ့အရှင့်ရဲ့မျက်လုံးတစ်စုံကဘယ်သူ့ကိုလိုက်ရှာနေတာလဲသိချင်ပါရဲ့။ ကျွန်တော်မျိုးကိုလား။ ဒါဆိုရင်ရှာမနေပါနဲ့တော့အရှင်။ အရှင့်အသက်အတွက်ကျွန်တော်မျိုးအသက်ကိုပေးဆပ်လိုက်ပြီမို့ပါ။ အရှင်သိအောင်ပြောပြချင်ပေမယ့်ဝိဥာည်တစ်ကောင်ရဲ့စကား ကိုကြားနိုင်မယ်မထင်ပါဘူး။
"ကိုယ်ရံတော်တပ်မှူးရော...အမတ်ကြီး"
ဘေးကအမတ်ကြီးကိုမေးပြီးကျွန်တော်မျိုးကိုရှာနေတဲ့အရှင့်ကို သနားမိပါရဲ့။ စိတ်ထားမြင့်မြတ်ပြီးကြင်နာစိတ်ရှိတဲ့အရှင့်ကိုအမတ်
ကြီးကကြံစည်နေတယ်ဆိုတာကျွန်တော်မျိုးပြောမပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်အရှင်။ ပြေးဝင်လာတဲ့အဆင့်နှစ်စစ်သူကြီးကို ကြည့်ပြီးအမတ်ကြီးရဲ့ကောက်ကျစ်တဲ့အပြုံးကိုအရှင့်ကိုမြင်စေချင်ပါတယ်အရှင်။"အရှင်မင်းကြီးလျှောက်တင်ခွင့်ပြုပါ...ကိုယ်ရံတော်တပ်မှူးKwon Jiyoungဟာအရှင့်ကိုလုပ်ကြံဖို့လူအင်အားစုနေကြောင်းပါ"
တကယ်တော့အရှင့်ကိုအဆိပ်ခတ်ဖို့ကြံတဲ့အမတ်ကြီးနဲ့အဆင့်နှစ် စစ်သူကြီးကိုတားဆီးရင်းကျွန်တော်မျိုးရဲ့ဦးခေါင်းကိုပေးဆပ်လိုက် ရတာပါအရှင်။
"ဘာ...အမတ်ကြီး အဆင့်နှစ်စစ်သူကြီးကဘာပြောလိုက်တာလဲ"
"မှန်ပါတယ်အရှင်မင်းကြီး..သစ္စာဖောက်KwonJiyoungရဲ့ အကြံစည်ကိုကျွန်တော်မျိုးတားဆီးပြီးအပြစ်ပေးလိုက်ပါပြီ"