နှစ်ယောက်ပေါင်းမှတစ်ဘဝ (Unicode)

75 8 0
                                    

နှစ်ယောက်ပေါင်းမှတစ်ဘဝ
(One shot)-8

**နွေရာသီကျောင်းပိတ်ရက်ရှည်**
ထိုစာတန်းချိတ်ဆွဲထားတဲ့သစ်ပင်အောက်တွင်ကျောင်းသားနှစ်ယောက်အပျော်လုံးစို့ပြီးကခုန်နေကြလေသည်။ ထိုသူများမှာအခြားမဟုတ် ကျောင်းတော်ရဲ့သွေးသောက်ညီအကိုများအဖြစ်ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားကြတဲ့Lee Seungriနဲ့Kwon Jiyong

"ကျစ် ကျောင်းပိတ်သွားတော့လဲပျင်းတာကွာ"
Jiyongရဲ့ပျင်းရိပျင်းတွဲစကားကိုSeungriကအအေးသောက်နေရင်းမှ

"အော်... စာမေးပွဲမဖြေခင်ကကျောင်းမြန်မြန်ပိတ်ပါစေဆုတောင်းနေတာဘယ်ကလိမ်ကချေပါလိမ့်"

"မင်းရောမပါလို့လား ဆရာမကကျောင်းပိတ်ပါပြီပြောတာနဲ့မင်းအရင်ထခုန်တာလေ"

"ကဲပါ အတူတူနဲ့အနူနူပဲဟာကို ဟီး"

"ရုပ်ကိုကစပ်ဖြီးဖြီးနဲ့ အော် Seungriငါမင်းကိုအိမ်ပြန်လိုက်ပို့မယ်နော်"

ဒီလိုနဲ့ပဲကျောင်းနောက်ဆုံးရက်မှာတော့အပြုံးကိုယ်စီဖြင့်။ Seungriရဲ့အိမ်ရှေ့အရောက်နှုတ်ဆက်လမ်းခွဲကြပြီးစက္ကန့်ဝက်မျှအကြာတွင်

"Jiyong...... ငါမင်းကိုပြန်လိုက်ပို့ချင်တယ် ဟင့် မခွဲချင်ဘူး"

"ဒါဆိုပြန်လိုက်ပို့လေ"

Jiyongကိုပခုံးဖက်လိုက်ပြီးနှစ်ယောက်သားJiyongအိမ်ချီတက်ကြပြန်သည်။ အိမ်ရှေ့ရောက်လို့Jiyongအိမ်ထဲဝင်ခါနီးတွင်စိတ်မချမှုပေါင်းများစွာနဲ့နောက်လှည့်ကြည့်ကာ

"Seungri မင်းတစ်ယောက်တည်းပြန်မှာငါစိတ်မချဘူး"

"ဒါဆိုငါ့ကိုပြန်လိုက်ပို့လေ"

ဤသို့ဖြင့်တစ်ယောက်နဲ့တစ်ယောက်စိတ်မချဟုအကြောင်းပြကာနှစ်ယောက်သားတစ်လှည့်စီအိမ်ပြန်လိုက်ပို့ရင်းညနေပင်အတော်စောင်းသွားလေသည်။

"Seungri ငါခြေထောက်တွေတိုနေပြီ ဒီတစ်ခါအတည်လိုက်ပို့မယ်"

"အင်း"

Seungriရဲ့အိမ်ရှေ့အရောက်မှာတော့တစ်ယောက်နဲ့တစ်ယောက်ခိုင်မြဲစွာပွေ့ဖက်ထားကြလေသည်။ အချိန်အတော်ကြာရင်းနှီးခဲ့မှုများကအခုချိန်ခွဲခွာရတော့ပေမည်။ မွေးကတည်းကနေအခုထိမခွဲဖူးသူတွေမို့တက္ကသိုလ်မတူရင်နှစ်ခါရင်ကွဲရပေအုန်းမည်။

Nyongtory One shot Collections💙❤️Where stories live. Discover now