Seungri and the beast
(One shot -34)ကျွန်တော့်နာမည်ကSeungri. Cloud City(တိမ်မြို့တော်)မှာနေတဲ့သာမန်ပြည်သူတစ်ယောက်ပေါ့။ ကျွန်တော့်အသက်က18ပြည့်ခါနီးတာကြောင့် မြို့တော်ရဲ့စစ်တပ်ထဲဝင်ချိန်ရောက်လာခဲ့တယ်လေ။ ဒါပေမယ့် ကျွန်တော့်အကြောင်းသိတဲ့တော်တော်များများကတော့ ကျွန်တော်တပ်ထဲဝင်မှာမကြိုက်ကြပါဘူး ဘာလို့ဆို ကျွန်တော်ကGay။
ကျွန်တော့်မွေးနေ့ပြီးတဲ့နေ့မှာပဲ မြို့တော်မှာထူးဆန်းတာတစ်ခုဖြစ်ခဲ့တယ်။ အဲ့တာကတော့ မြို့တော်မှာရှိသမျှမိန်းမပျိုလေးတွေကအခြားမြို့တော်ကိုထွက်ပြေးသွားကြတယ်လေ။
ဒီတော့မြို့တော်မှာဂယက်ထခဲ့တော့တယ်။ မြို့တော်မှာမိန်းမပျိုမရှိတာကအတော်ဒုက္ခရောက်စေတယ် ဘာလို့ဆိုတော့ အနက်ရောင်တောင်ထိပ်ကသားရဲကြီးဆီပို့ဖို့လူမရှိတော့တာကြောင့်ပါပဲ။
အနက်ရောင်တောင်ထိပ်မှာဟောင်းနွမ်းနေတဲ့ရဲတိုက်တစ်ခုရှိပြီးအဲ့မှာသားရဲကြီးနေထိုင်တယ်။ ဆယ်စုနှစ်တစ်ခုထိလက်ဆင့်ကမ်းလာတဲ့ပုံပြင်က သားရဲကြီးကနှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်မှာတိမ်မြို့တော်ကိုဆင်းလာပြီး လူတွေကိုသတ်ဖြတ်တယ်ဆိုတာပါပဲ။ ဒါကြောင့်လည်းကျွန်တော့်ဘိုးဘေးတွေကစလို့အခုချိန်ထိ နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ရောက်ရင်မိန်းမပျိုတစ်ယောက်ကိုမဲနှိုက်ပြီး အဲ့သားရဲကြီးဆီပို့ခဲ့ကြတယ်လေ။
လောလောဆယ်အခြေအနေမှာတော့ ကျွန်တော်က အဆိုပါသားရဲကြီးရဲ့ရဲတိုက်ရှေ့မှာရောက်ရှိနေပါတယ်။
ဘာလာလုပ်လဲဆိုတော့ ပျင်းလို့ယွစပိုးလာထိုးတာလေ။"ကျွီ....."
ဆွေးမြေ့ဖွယ်ရာတံခါးပွင့်သံကြီးနဲ့အတူSeungriတစ်ယောက်ရဲတိုက်ကိုအနီးကပ်မြင်ခွင့်ရလေသည်။ များပြားလှတဲ့ပင့်ကူအိမ်တွေနဲ့ အုတ်ကျိုးအုတ်စတို့ကဟိုတစ်စဒီတစ်စဖြင့်။ Seungriစူးစမ်းနေချိန်မှာပဲနှာခေါင်းထဲဖုန်နံ့တွေဝင်လာတာကြောင့်နှာချေသံအကျယ်ကြီးကရဲတိုက်ကိုတုန်ခါသွားစေလေသည်။
"ဟယ်လို လိုဟယ် လူရှိလား ရှိရင်အကြောင်းပြန်ပါ"
Seungriအနောက်ကအရိပ်တစ်ခုဖြတ်ပြေးသွားတော့ လှည့်မကြည့်မိပေ။ ကြောက်တတ်တာကိုး။ ကြောက်လွန်းလို့ဒူးတုန်ပြီးရှူရှူးတွေတောင်ထွက်ကျချင်နေတဲ့Seungri။