Let he know(one shot)-4
"လေးလေးရေဒီမှာကြည့်ပါအုန်း"
အော်သံနဲ့အတူ ဦးလေးဖြစ်သူရဲ့အလုပ်ခန်းထဲဝင်လာသူကSeungri။ လက်ထဲမှာလဲစာအုပ်တစ်အုပ်ကိုင်ထားကာ မျောက်အုန်းသီးရတဲ့အမူအရာမျိုးဖြင့်ဦးလေးSeung Hyunဆီ တစ်လှမ်းချင်းခုန်ပေါက်လာလေသည်။
"ဒီမှာကြည့်လေးလေး*ချစ်ရသူသိစေမယ့်နည်းလမ်း100*တဲ့ ဒါကိုသား လေးလေးရဲ့စာအုပ်အဟောင်းပုံထဲကတွေ့တာ"
"အင်း..."
"လေးလေးမှာဘာလို့ဒီစာအုပ်ရှိတာလဲ"
"အင်း..."
"လေးလေးမေးနေတယ်လေ"
"အင်း..."
"လေးလေးရေ လက်တော့ပ်ကြီးချထားစမ်းပါ"
"Seungri ဒူးမနာသားလေး အဲ့စာအုပ်ကငါ့သူငယ်ချင်းဟာဘယ်တုန်းကအိမ်မှာကျန်ခဲ့လဲမသိဘူး ကဲသိချင်တာသိပြီးရင်သွားတော့"
"ဟုတ် သားသွားစမ်းကြည့်လိုက်အုန်းမယ်"
တင်ပါးလေးလှုပ်ကာလှုပ်ကာထွက်သွားတဲ့တူဖြစ်သူကိုကြည့်ရင်းSeung Hyunဆုတောင်းနေမိတော့သည်။ဘာပြဿနာမှထပ်မရှာပါစေနဲ့့တော့ဟူ၍။
Seungriစာအုပ်လေးကိုအတော်သဘောကျနေကာနည်းလမ်းတွေတစ်ချက်ချင်းကိုလဲအခေါက်ခေါက်အခါခါဖတ်နေမိသည်။ စမ်းသပ်ဖို့ကလဲcrushနေရသူမရှိတာကြောင့်မှိုင်နေချိန် ရုတ်တရပ်အာရုံထဲပေါ်လာသူက Seungriတို့ကျောင်းရဲ့သိပ္ပံဆရာKwon Jiyong။ ဥစ္စာပေါ ရုပ်ချော ပညာတတ် တည်ကြည်ခန့်ငြား အပြုံးနဲ့တင်ကြွေကြရလောက်တာမို့ Seungriတွေးနေရင်းရင်ခုန်လာကာ ဆုံးဖြတ်ချက်ချလိုက်တော့သည်။
~ဆရာ့အပေါ်မှာနည်းလမ်းတွေအကုန်သုံးပစ်မယ်ကွ
နည်းလမ်း(1)- မိမိအားမှတ်မိအောင်ကြိုးစားပါ
Seungriတစ်ယောက်ဆရာများနားနေခန်းကိုဖြတ်လျောက်နေတာအခါမနည်းတော့ပေ။သတိထားမိစေချင်သူကသတိမထားမိပဲ ဆရာမတစ်ယောက်ကအော်လွှတ်လေသည်။
"ဆရာဆရာမတွေကဘယ်လိုကျောင်းသားမျိုးကိုသတိထားမိလဲ"
"ဆိုးတဲ့ကျောင်းသား မင်းစဉ်းစားကြည့်လေ စာတော်လွန်းတာနဲ့ဆိုးလွန်းတာ အဲ့နှစ်မျိုးတည်းပဲ မင်းကစာသိပ်မတော်ဘူးဆိုတော့ဆိုးတာကပိုလွယ်တယ်လေ"