ရေခဲတုံးကိုကို(One shot)-12
"Ri Oppa!!!
လေဆိပ်တွင်မိန်းကလေးတစ်ယောက်ရဲ့အသံထွက်ပေါ်လာပြီးနောက်မှာတော့ဗီနိုင်းများ စတစ်ကာဘုတ်များ light stickများကိုင်ဆောင်ထားတဲ့မိန်းကလေးများဟာ လုံခြုံရေးများတားထားတဲ့စည်းအရှေ့ပြည့်ကျပ်သွားလေတော့သည်။
မကြာခင်မှာပဲ လေဆိပ်အတွင်းမှလုံခြုံရေးများဝန်းရံလျက်ထွက်လာတဲ့သူ။ အသက်နှစ်ဆယ်ဝန်းကျင်ကောင်လေးတစ်ယောက်။ဖြူဖွေးဖွေးလက်ဖောင်းဖောင်းလေးများဖြင့်Fanများဘက်လက်ပြနှုတ်ဆက်ကာတပ်ထားတဲ့maskကိုမေးအောက်ဆွဲချလိုက်လေသည်။ ထိုအခါမှာတော့မိန်းကလေးများအသံကမိုးထိအောင်ဟိန်းသွားလေတော့သည်။
ထို့နောက်မှာတော့နိုင်ငံကျော်Idolလေးမှမျက်စိတစ်ဖက်မှိတ်ပြကာအသင့်လာကြိုတဲ့ကားထဲဝင်ရောက်သွားလေတော့သည်။
"Idol Seungri Seungri Idol ခြီး"
ကိုယ့်နာမည်ကိုယ်ရွတ်ဆိုရင်းတစ်ယောက်တည်းထိုင်ခွီနေတဲ့အဆိုတော်ကိုကြည့်လိုက်ရင်းအေဂျင်စီCEOမှခေါင်းခါလိုက်လေသည်။ထို့နောက်အရှေ့ဆိုဖာတွင်ထိုင်နေသူအားSeungriကိုမေးငေါ့ပြ၍..
"တွေ့လား ပါရမီဓာတ်ခံကြောင့်သာIdolဖြစ်လာတာ ကျပ်သိပ်ပြည့်တာမဟုတ်ဖူး Jiyongအဲ့တာမင်းမန်နေဂျာအဖြစ်တာဝန်ယူရမယ့်Seungri"
"ဟုတ်ကဲ့"
"Seungri ဒါမင်းရဲ့မန်နေဂျာအသစ်Kwon Jiyongတဲ့"
CEOမှမိတ်ဆက်ပေးတော့Seungriကဟန်ပါပါဖြင့်ခြေထောက်ချိတ်လိုက်ပြီးချောင်းတစ်ချက်ဟန့်ရင်း
"အဟမ်း တွေ့ရတာဝမ်းသာပါတယ်Kwon Jiyong shi"
"ဟုတ်ကဲ့"
"ကျွန်တော့်ကိုတူလိုသားလိုညီလေးလိုခင်ပွန်းတစ်ယောက်လိုသဘောထားနိုင်ပါတယ်ခမျ"
"အမ်"
Jiyongတစ်သက်ဒီလောက်အူကြောင်ကြောင်နိုင်တဲ့Idolမတွေ့ဖူးသေးပေ။ နိုင်ငံကျော်မို့ဟန်ပန်များမယ်ထင်ခဲ့ပေမယ့် တကယ့်တကယ်မှာတော့ကျပ်ပြည့်ရဲ့လားဟုသံသယဖြစ်စရာကောင်းလှပေသည်။ အခုလဲJiyongကိုလက်ဆွဲနှုတ်ဆက်နေတာမပြီးနိုင်သေးပေ။