I'm yours ~ By More (52)
ဒုန်း ဒုန်း ဒုန်း
" Yaaaaa! အရူးကောင်Kwon Jiyong မင်း ငါ့မုန့်တွေခိုးစားထားတယ်မလား "
ငှက်ဆိုးထိုးသံကြောင့် Jiyongနိုးလာပေမယ့် မထသေးသလို တံခါးလည်းသွားမဖွင့်သေးပေ ။ ဖုန်းသီချင်းတစ်ခုဖွင့်လိုက်ပြီး နားကြပ်ကောက်တပ်လိုက်ကာ အေးဆေးနားထောင်နေလိုက်သည် ။
ဒုန်း ဒုန်း ဒုန်း
" အပေါကောင် တံခါးဖွင့်လို့ဆိုနေ အဲ့မုန့်တွေကဘယ်လောက်စျေးကြီးလဲသိရဲ့လား ဟမ် "
အပြင်ကဘယ်လောက်အော်အော် Jiyongနည်းနည်းမှမမူပေ ။ ဒူးလေးနန့်ကာ ကပင်ကနေလိုက်သေးသည် ။
" Kwon Jiyong မင်းနိုးနေတာသိတယ် ထွက်ခဲ့တော့ မထွက်လာရင် မင်းဖိနပ်တွေကိုကတ်ကြေးနဲ့ညှပ်ပစ်မှာနော် "
ဖိနပ်တော့မဖြစ် ။ Jiyongက ဖိနပ်ဆိုအရူးအမူးဖြစ်သူတစ်ယောက်ပင် ။ ဒီဇိုင်းဆန်းဆန်းဖိနပ်တွေဝယ်စုတတ်သလို စျေးကြီးဖိနပ်တွေကိုလဲ မရမကဝယ်စုတတ်သည် ။
" အေး မင်းမထွက်လာဘူးပေါ့ ရတယ်လေ "
Jiyongအပြင်ထွက်ကာ တားချင်ပါသည် ။ သို့သော် သူSeungriရဲ့ဒေါသကိုသိသည် ။ ဒေါသကြီးသလောက် လက်လည်းမြန်တဲ့Seungriကိုသူရင်မဆိုင်ရဲပါ ။ တော်ကြာ ထိပ်ပေါက်ခေါင်းကွဲဖြစ်ရင်ဒုက္ခ ။
" ရော့ ဟောဒီကြိုးလေးကဟောဒီလိုဖြတ် ဟောဒီ ဖိနပ်လျှာလေးကို ဟောဒီလို ဟောဒီလို ဖြတ် ပြီးရင် ဟောဒီဖိနပ်ကိုယ်ထည်လေးကို ဟောဒီလို ဟောဒီလို အဟဲ... Jiyong ရေ... မင်းဖိနပ်လေး ဒီဇိုင်းသောက်ရမ်းကိုမိုက်သွားပြီ "
Seungri တစ်ခွန်းချင်းပြောနေတဲ့စကားတွေကို Jiyong အံ့ကြိတ်ကာသည်းခံနေရလေသည် ။ ဖိနပ်အတွက် လူအပြင်ထွက်လိုက်ရင် အရိုက်ခံရမှာလည်းကြောက်ရတာကိုး ။
အတော်လေးကြာတော့ အပြင်ကဘာအသံမှမကြားတော့မှ ထွက်ခဲ့လိုက်သည် ။ အခန်းရှေ့မှာတော့ သူချွေချွေတာတာဝယ်ထားရတဲ့ ဖိနပ်က တစ်စစီ ။
" Lee Seungri မင်း သေဖို့သာပြင် "
နောက်တစ်နေ့မှာတော့ Jiyongအတန်းစောစောပြီးတာကြောင့် Seungriထက်အရင်အိမ်ပြန်ရောက်နေလေသည် ။ လော့ခ်ျ ချထားတဲ့ Seungriရဲ့အခန်းတံခါးကို စူးချွန်လေးနဲ့ကလော်တော့ ပွင့်သွားလေသည် ။