Until We Meet Again
Jiyong...ကျတော့်နာမည်ကJiyong ကျွန်တော့ကိုခင်တဲ့လူထက် လှောင်ရယ်တဲ့လူပိုများတယ်။ တစ်ခါတစ်လေဝိုင်းပြီးရိုက်တာခံရသလို တစ်ခါတစ်လေချောက်ချတာလဲခံရဖူးတယ်။ သူတို့ကပြောတယ် ကျွန်တော်ကရူးနေတာတဲ့ တကယ်တော့ရူးနေတာမဟုတ်ဘဲ ဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်ရုံလေးတင်ပါ။
တစ်ယောက်တည်းအထီးကျန်ကျန်ဖြတ်သန်းရတဲ့နေ့ရက်တွေအဆုံးမှာတော့ကျွန်တော့ဘဝကိုပြောင်းလဲစေနိုင်တဲ့လူ တစ်နည်းအားဖြင့် ဝိညာဉ်တစ်ကောင်နဲ့ဆုံခဲ့တယ်။ ကျောင်းပျက်ကြီးထဲကမိုးမခပင်ကြီးမှာနေတဲ့ဝိညာဉ်တစ်ကောင်ပေါ့။
ဘဝမှာကြောက်ဖို့ကောင်းတဲ့ပုံစံနဲ့ဝိညဉ်တွေအများကြီးတွေ့ဖူးတာမို့
မိုးမခပင်ကဝိညာဉ်ကိုပထမဆုံးမြင်ရတုန်းကမကြောက်မိဘူး။
ကြောက်စရာလည်းမကောင်းပါဘူး။ အမည်းရောင်ဆံပင်လေးတွေနဲ့ ရယ်လိုက်ရင်သွားတက်လေးတွေနဲ့ မျက်တောင်ခတ်လိုက်ရင်ကမ္ဘာကြီးအရောင်ပြောင်းသွားသလို ဖြစ်စေတဲ့ဝိညာဉ်တစ်ကောင်ကိုမကြောက်ဘဲ ချစ်မိသွားခဲ့တယ်ဆိုရင် ခင်ဗျားတို့ယုံကြမလား။သူ့နာမည်ကိုအမြဲမေးဖူးတယ် ဘယ်တုန်းကမှလဲမပြောပြခဲ့ဘူး။
သူပြောခဲ့တာတစ်ခုက ဒီမိုးမခပင်ကြီးအောက်မှာလူတစ်ယောက်ကို
လာစောင့်နေတာပါတဲ့။ တစ်ခါတစ်လေသူစောင့်နေတယ်ဆိုတဲ့လူကိုကျွန်တော်မုန်းမိတယ်။
နေ့တိုင်းသစ်ပင်ကြီးအောက်သွားပြီးအဖော်လုပ်ပေးနေတဲ့ကျွန်တော့ထက်သူစောင့်နေတဲ့လူကပိုအရေးကြီးတယ်တဲ့။ဒီနေ့လည်းမိုးမခင်ပင်ကဝိညာဉ်ဆီသွားခဲ့ပေမယ့် မိုးပြိုမတတ်မျက်နှာနဲ့ အကြီးကျယ်စိတ်ပျက်နေတဲ့အဲ့ဝိညာဉ်ကိုတွေ့လိုက်ရတယ်။
မကြာခင်ဒီအပင်ကြီးကနေထွက်သွားရတော့မယ်တဲ့။
သူစောင့်နေတဲ့လူကိုလည်းတွေ့ပြီးပြီမို့သူထွက်သွားနိုင်ပြီတဲ့လေ။သူ့ကိုစွဲလန်းလွန်းလို့နေ့တိုင်းလာခဲ့တဲ့ကျွန်တော့်ကိုမှအားမနာ
သူစောင့်နေတဲ့လူကိုတွေ့ရပြီမို့လို့ အခုထွက်သွားတော့မယ်ဆိုတော့
သူအရမ်းလွန်တာပေါ့။ သူ့ရဲ့ထိတွေ့လို့မရတဲ့ကိုယ်လုံးလေးကိုလေထဲကနေပဲဖက်ထားလိုက်ပြီး ကတိစကားတစ်ခွန်းပြောလိုက်မိတယ်။