chapter (3) Unicode ⚠︎

52.5K 2.6K 157
                                    

ကျောင်းဝန်းပြင်ဘက်သို့ အနက်ရောင် ဇိမ်ခံကားလေးတစ်စီးရပ်ထားသည်။ ကားပေါ်တွင် ကလေးငယ်တစ်ယောက်က သူ့ရဲ့ချစ်လှစွာသော ပါးပါးပေါ်တွင် ထိုင်လျက်ဖက်ထားသည်။

"ပါးပါး အဆင်ပြေလားဟင်...."

လူကြီးတစ်ယောက်လိုပင်စိတ်ပူကာမေးနေတဲ့ကလေးငယ်လေးရဲ့ပါးကို ‌လရောင် လိမ်ဆွဲမိသည်။

"ပါးပါးက မီးမီးရဲ့ပါးပါးလေ အဆင်မပြေပဲနေပါ့မလား ကျောင်းကိုအေးဆေးသွားနော်ဟုတ်ပြီလား"

"တကယ်နော် အဟွန်း ဒယ်ဒီကပါးပါးကိုရိုက်ရင်မီးမီးကိုတိုင်ဟုတ်ပြီလား"

"ဟုတ်ပါပြီဗျာ ကဲကျောင်းသွားတက်တော့...."

လရောင်က နေနွယ့်ရဲ့ပါးပြင်လေးကိုနမ်းရှိုက်လိုက်သည်။ထိုအခါ နေနွယ်လေးကပြုံးလျက်ကားပေါ်မှဆင်းသွားသည်။ ကားပေါ် မှန်ထဲနေ ပြေးဆင်းသွားသောကလေးငယ်လေးကိုကြည်ပြီးပြုံးနေမိသည်။

ခဏအကြာ ကားလေးက သူ့ရဲ့လာရာလမ်းလေးဘက်သို့ မောင်းနှင်ခဲ့သည်။

Sunny Group ရဲ့ Meeting Room ထဲတွင် စားပွဲအရှည်ကြီး ထိပ်တွင် နေယံ ထိုင်လျက် မျက်စိမှိတ်ကာ လက်ကိုခုံပေါ်တွင်ထောက်ထားလျက်ရှိသည်။

အစည်းဝေးခန်းထဲတွင်ရှိတဲ့တစ်ခြားသော ရှယ်ယာရှင်များနဲ့ ဝန်ထမ်းများမှာလည်း ဘာမှပင်မပြောရဲတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။

ခဏအကြာ နေယံက

"Project အသေးလေးတစ်ခုကိုတောင် မင်းတို့ လူတွေအများကြီးက မနိုင်ခဲ့ဘူးလား"

"CEO အဲဒါကလေ....ဟို Moon Group ရဲ့ MD ဆိုတဲ့သူကြောင့်ပါ..."

နေယံကစိတ်တိုင်းမကျဟန်ဖြင့် စားပွဲကိုရိုက်ချလိုက်သည်။ပြီးနောက်ရှင်းပြနေတဲ့‌ဝန်ထမ်းကိုလက်ညိုးထိုးလျက်

"Sunny Group မှာ ကျရှုံးတဲ့သူကိုမထားဘူး ပြီးတော့ ဒုတိယအကြိမ်အခွင့်ရေးဆိုတာလည်းမရှိဘူး ။လူ့ဘဝဆိုတာ တစ်ခါပဲရှင်သန်ခွင့်ရတာ နှစ်ခါ ပြန်ရှင်သန်လို့မရဘူး။"

နေယံရဲ့အဓိပ္ပာယ်ကိုထိုဝန်ထမ်းလေးကနားလည်သော မျက်ရည်လေးဝဲတက်လျက်

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Nơi câu chuyện tồn tại. Hãy khám phá bây giờ