Chapter (18) Final Zawgyi

13.6K 296 8
                                    

"ငါ့တူကသိပ်ကိုချောတာပဲကွာ"

ကမ္ဘာက ကလေးငယ်ကိုချီလျက်ပြုံးကာပြောလိုက်သည်။နေယံ

"ချောမှာပေါ့အဖေတူသားလေ"

ကမ္ဘာဘာမှပင်မပြောမသိချင်ယောင်ဆောင်နေလိုက်သည်။ဆေးရုံကုတင်ပေါ်မှ လရောင်မှာတော့ အခုထက်ထိသတိမရသေး မေ့ဆေးအရှိန်‌ကြောင့်လည်းဖြစ်ပေမည်။

"အစ်ကိုသွားနားတော့လေ လရောင်အနားကျွန်တော်နေလိုက်မယ်။"

"အင်းဒါဆို အစ်ကိုတို့ညနေကျရင်တစ်ခေါက်ပြန်လာခဲ့မယ်။ လရောင်သတိရလာရင်ဖုန်းဆက်လိုက်"

"အိုကေအစ်ကို သေချာဂရုစိုက်"

ကမ္ဘာနဲ့နေရောင်လည်း တစ်နေကုန် လရောင်တို့အနားမှာနေရတာကြောင့်ပင်ပန်းလောက်ပြီ။အထူးသဖြင့် နေရောင်ခြည်ပေါ့။

*************

"ကိုကို......"

သတိရရချင်း သူ့ဘေး၌သူ့လက်ကိုကိုင်ထားတဲ့ကောင်လေးကို အ တော်တန်ကြာကြည့်ပြီးနောက်ခေါ်လိုက်သည်။နေယံလည်း

"ဘေဘီနိုးပြီလား အဆင်ပြေလား"

"အင်း အဆင်ပြေတယ် ဒါနဲ့သားကလေ ခြေလက်စုံရဲ့လားဟင် သူဘယ်မှာလဲ"

နေယံက လရောင်ရဲ့နဖူးလေးကိုပွတ်သပ်လိုက်ကာ

"‌အခုမှသတိရတာကိုဖြေးဖြေးမေးပါဘေဘီရယ် သားလေးက ၆ပေါင်၁၅ အောင်စတောင်ရှိတယ်။ဘေဘီလိုချစ်စရာကောင်းတဲ့နှုတ်ခမ်းလေးနဲ့ဖွဲ့စည်းထားသလို ကိုယ့်လိုမျိုးတည်ကြည်ချောတယ်။"

"ကိုကိုလိုတည်ကြည်တာတော့မဖြစ်နိုင်ဘူး အခုမှငယ်ငယ်လေးပဲရှိသေးတာနော်"

"ကိုယ်ကစတာ ဘေဘီဗိုက်နာသေးလား"

"အော်နာတာပေါ့မေးစရာလား ဗိုက်ကိုဓားနဲ့ခွဲထားတာလေ ဘဝမှာ သူများကိုပဲခွဲစိတ်ဖို့စဉ်းစားဖူးတာ"

"အခုတော့ဘေဘီလည်း ကိုယ့်ကြောင့် ခွဲခံရပြီပေါ့"

"ဒါပေမယ့်ဒီနာကျင်မှုနဲ့အမာရွတ်ကိုကြိုက်တယ်။ကိုကိုနဲ့ ဘေဘီတို့ရဲ့သားလေးကြောင့်လေ"

နေယံတစ်ယောက်ဆေးရုံကုတင်ပေါ်က ကောင်ငယ်လေးကို ဖက်လိုက်သည်။ နေယံရဲ့ရင်ခွင်ထဲသို့လရောင်တစ်ယောက်ခေါင်းစိုက်ဝင်လျက်ရှိသည်။နှစ်ဦးသားဖက်နေရင်း အခန်းထဲသို့ ကလေးငယ်လေးကို လှည်းထဲထည့်ကာတွန်းလာသောသူနာပြုနဲ့ဆရာဝန်တို့ကနေယံတို့အတွဲကိုကြည့်ပြီးချောင်းဟန့်လိုက်တော့မှ နေယံလည်းလရောင်နဲ့ဖက်တာကိုခွာလိုက်သည်။

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Dove le storie prendono vita. Scoprilo ora