Chapter (16) Unicode

46.5K 1.9K 123
                                    

"နိုးပြီးလား....."

လရောင်တစ်ယောက်တစ်ညလုံး နေယံရဲ့လက်မောင်းပေါ်တွင် အိပ်မောကျလျက်ရှိသည်။မနက်စောစောပထမဆုံးမြင်လိုက်ရသည်နေယံကြောင့် ပျိူ့အန်ကာ ရေချိုးခန်းထဲသို့လရောင်ပြေးသွားသည်။

"လရောင် မင်းဘာဖြစ်တာလဲ လရောင်......"

လရောင်တစ်ယောက်ရေချိူးခန်းထဲမှဘာမှပင်ပြန်ဖြေ နေယံလည်း ရေချိုးခန်းအပြင်ဘက်မှတံခါးကိုလက်ထောက်လျက် ရပ်စောင့်နေသည်။

"အော့ အော့ သေစမ်း အဲ့ကောင်မျက်နှာကိုတွေးမိတိုင်းအန်ပဲအန်ချင်နေတယ်။"

လရောင်လည်းမျက်နှာသစ်သန့်စင်ပြီးနောက် တဘက်အဖြူကိုကိုင်ကာထွက်လာခဲ့သည်။ အခန်းပြင်သို့ရောက်တော့ လရောင် ယူလာတဲ့တဘက်အဖြူဖြင့်နေယံမျက်နှာကို အုပ်လိုက်သည်။

"လရောင်ဒါဘာလုပ်တာလဲ..."

"ကိုကိုမျက်နှာကိုခဏအုပ်‌ထားပေး"

"ဘာလို့လဲ"

"ကိုကို မျက်နှာကိုမြင်ရင် အန်ချင်နေလို့"

"ဟမ်....."

နေယံလည်းမယုံသဖြင့် မျက်နှာပေါ်ကတဘက်ကိုဖယ်လိုက်က လရောင်ရှေ့ကိုသွားလိုက်သည်။နေယံမေးမယ့်ကြံတော့ လရောင်တစ်ယောက် ပျို့ကာ ရေချိုးခန်းထဲသို့ပြေးရပြန်သည်။နေယံက တဘက်အဖြူကိုင်ပြီး

"ဘာလဲ သူတကယ်ကြီး ငါ့ကိုမြင်ရင်အန်ချင်‌နေတာလား"

ခဏအကြာ လရောင်အခန်းထဲသို့ပြန်ဝင်တော့ Mask တပ်ထားတဲ့နေယံကြောင့် လရောင်ပြုံးမိကာ နေယံအနားသို့သွားမိသည်။

"ကိုကို ....အဲလောက်ထိလုပ်စရာတော့မလိုဘူး ဒီတိုင်းအခန့်မသင့်လို့ဖြစ်တာနေမှာပါ"

"မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ဂျုံလုံးကျနေတာပဲ"

"ခုနကစောစောစီးစီး အန်လိုက်ရတော့ အားကုန်သွားတာဖြစ်မယ်။"

"ဒီလိုပုံစံနဲ့သမီးနောက်လိုက်ဖို့မစဉ်းစားနဲ့"

"ကတိပေးထားပြီးပြီလေ ပြီးတော့ အဆင်ပြေတာမို့မပူနဲ့နော်"

နေယံလည်းသမီးဖြစ်သူကိုပေးထားတဲ့ကတိကြောင့် ဘာမှပင်ထပ်မပြောတော့

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Where stories live. Discover now