Final (Zawgyi)

13.3K 257 1
                                    

‌"ဘေဘီ ငူငိုင်မနေနဲ့အခုဘေဘီမှာ သားရောသမီးရောရှိတယ်လေ။ပြီးတော့ ကိုယ်လည်းရှိတယ်။"

"အင်း ဒီတိုင်းဝမ်းနည်းပြီးသတိရသွားလို့ပါ‌ကိုကို ဒါနဲ့လေ ဒီတစ်ပတ်ကျရင် ဂေဟာသွားရအောင်"

"ကောင်းပြီကိုကို လိုအပ်တာတွေပါဝယ်ခိုင်းထားမယ်။"

"ကိုကိုအကောင်းဆုံး"

ကိုယ်ဝန်ပျက်ကျပြီးတဲ့နေကစပြီး လရောင် တစ်လတစ်ခါ ရန်ကုန်တစ်မြို့လုံးတင်မတင် မြန်မာတစ်နိုင်လုံးရှိ ‌မိဘမဲ့ဂေဟာတိုင်းကိုလစဉ်ထောက်ပံ့ပေးသလို လိုအပ်တာမှန်သမျှလည်းဖြည့်ဆည်းပေးသည်။တစ်ခါတစ်လေ နှစ်လတစ်ခါကျန်းမာရေးစစ်ဆေးခြင်းကိုလည်း လုပ်ပေးသည်။

သားဖြစ်သူတည်တံ့ကလေးနဲ့နေနွယ်လေးမှာ ဂေဟာက ကလေးတွေနဲ့ဆော့ကစားရတာကိုသဘောကျကြသည့်အတွက်လရောင်လည်းဝမ်းသာမိပြန်သည်။

*********

"ပါးပါး ...."

အသီမပီတပီဖြင့်ခေါ်နေသူမှာ လမင်းရောင်ခြည်ပင်။ဖခင်ဖြစ်သူလရောင်ကမ္ဘာရဲ့လှပတဲ့မျက်ဝန်းလေးကိုပိုင်ဆိုင်ထားရပြီ။ချိုသာတဲ့အပြုံးလေးမှာတော့ နေရောင်ခြည်နဲ့တူလှသည်။

"ဗျာ ပါးပါးမီးလေးက ချစ်စရာလေးဗျာ"

နေရောင်လည်း လမင်းအနားသို့သွားကာပွေ့ချီလိုက်သည်။၂ နှစ်ကျော်လမင်းလေးမှာ ပါးပါးနဲ့ဒယ်ဒီဆိုပြီးစကားတတ်သလို လိုချင်တဲ့အရာ မရရင်လည်း‌စိတ်ကကြီးသေးသည်။သေချာသည်ကတော့သူမဟာ လရောင်ကမ္ဘာနဲ့တစ်ထေရာတည်းပင်။မိန်းကလေးသာဆိုရတယ်။ဖခင်ဖြစ်သူနေရောင်ခြည်လောက်တော့မနူးညံ တစ်ခုခုသူ့ရှေ့တွင်စိတ်မရှည်လာသည်နှင့်ဆံပင်ကဆောင့်ဆွဲတတ်သေးသည်။လရောင်ကမ္ဘာမှာတော့သမီးဖြစ်သူကိုနည်းနည်းလေးမှအထိမခံသူပင်။နည်းနည်းအရွယ်လာသည်နှင့်အမျှသမီးဖြစ်သူကိုအိမ်က အလုပ်သမားတွေချီတာတောင်သိပ်မကြိုက်ချင်တော့။

"လမင်းလေးကဒယ်ဒီကိုစောင့်နေတာလား ဒီည လမင်းလေးဒယ်ဒီကအလုပ်ရှိလို့နောက်ကျမှာတဲ့ဗျာ"

နေရောင်ကလမင်းကိုကြည့်ကာပြောတော့ နားလည်ဟန်တူသည် လမင်းလေးတစ်‌‌ယောက်မျက်ရည်လေးဝိုင်းလာကာစငိုတော့သည်။

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Tempat cerita menjadi hidup. Temukan sekarang