Chapter (17) Unicode

41.6K 2K 55
                                    


4 လကြာပြီးနောက်Moon Group ရဲ့တစ်နေရာတွင် လရောင်ကဆိုဖာပေါ်တွင်အခန့်စားထိုင်နေသည်။ဒေါ်လဝန်းမေက ရုံးခန်းထဲသို့အပြေးဝင်လာကာ

"နင်ဒီကိုဘာလာလုပ်ဝာာလဲ‌လရောင်ထိန်သာ"

လရောင်ကပြုံးလိုက်ကာ

"ကျွန်ဝောာ့်ရဲ့ပိုင်ဆိုင်မှုကိုပြန်လာယူတာလေ"

"နင်ရုတ်တရက်ကြီးဘာတွေအရူးထနေတာလဲလရောင်"

"အရူးမထပါဘူး ကိုယ်ပိုင်ဆိုင်တဲ့အရာကိုလာယူရုံပဲ"

ဒေါ်လဝန်းမေလည်းဒေါသအကြီးကျယ်ထွက်လျက်

"နင်က ဘာသိဘာတတ်လို့ငါ့ကုပ္ပဏီကိုပြန်ယူရမှာလဲ"

"ကျွန်တော့်ပိုင်ဆိုင်တဲ့အရာကိုလုယူထားတယ်ဆိုရင်လည်း အနည်းဆုံးတော့ သေချာကောင်းကောင်းမွန် လုပ်လေ အခုတော့ Moon Group ကိုအကြွေးတွေနဲ့ပေါင်စရာလိုလို့လား"

‌‌ဒေါ်လဝန်းမေက အံဩသွားဟန်ဖြင့်

"နင်ဒါဘာပြောတာလဲ"

"အန်တီရဲ့ချစ်လှစွာသော ယောင်္ကျားကိုမေးကြည့်လိုက်လေ"

လဝန်းမေလည်းမယုံဟန်ဖြင့် သူခင်ပွန်းဖြစ်သူကိုဖုန်းဆက်ပြီးခေါ်လိုက်သည်။ အခန်းထဲသို့ရောက်တော့ လဝန်းမေလည်းမေးလိုက်သည်။

"မမကို ပြောစမ်းပါ အကြွေးတွေနဲ့ကုပ္ပဏီကိုပေါင်ထားတယ်ဆို"

ပိုင်ဇေယျလည်း ခေါင်းကိုကုတ်လျက် ထိုင်နေတဲ့လရောင်ကို ဆွဲထိုးမတတ်အကြည့်တွေဖြင့်ကြည့်နေသည်။

"ဟိုလေဟန်နီ အဲဒါကလေ"

"တကယ်လုပ်လိုက်တယ်ပေါ့ ရှင်....."

‌လဝန်းမေလည်း ပိုင်ဇေကို ရိုက်နှက်နေသည်။လရောင်က

"‌နှစ်ယောက်လုံးတော်လိုက်တော့ ပြီးတော့ခင်ဗျားတို့နှစ်‌ယောက်လုံးထောင်ထဲဝင်ဖို့ပြင်ထား။"

"ဘာ"

"ငွေလိမ်မှုရယ်၊လူသတ်ရန်ကြံစည်မှုရယ်နဲ့လေ ကုပ္ပဏီအတွက်လည်းစိတ်မပူပါနဲ့ ပိုင်ရှင်အစစ်လက်ထဲရောက်‌ပြီ။"

‌ပိုင်ဇေက လရောင်အနားသို့သွားကာလည်ပင်းညစ်‌ကာ

"အရင်ကငတုံးငအကောင်ကဘယ်ရောက်သွားတာလဲ အက်စီးဒင့်မှာတည်းကသေသွား‌သင့်တာ သန္ဓေဆိုး"

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Where stories live. Discover now