Extra (3) Unicode

24.3K 1.1K 13
                                    

"ကိုကို ဘေဘီလေးကိုကို့ကြောင့်ပင်ပန်းနေတော့မှာပဲ"

ကုတင်ပေါ်တွင် ထိုင်ကာစာဖတ်နေတဲ့လရောင်ဗိုက်လေးကိုနေယံတစ်ယောက်ကိုင်ကာပြောလိုက်သည်။လရောင်ကပြုံးကာ

"ကိုကိုနဲ့ ဘေဘီရဲ့ကလေးလို့တွေးလိုက်တာနဲ့တင်ပင်ပန်းတာတွေပျောက်ကုန်ပြီ။"

"ချစ်တယ်နော် ကိုကိုရဲ့အသက်ကလေး"

***********

တစ်ဖက်တွင်

"‌ဟျောင့်ကမ္ဘာ ဘာလို့အရက်တွေအသေသောက်နေရတာတုန်း"

ကမ္ဘာကပြန်မဖြေသောက်မြဲဆဲသောက်နေသည်။
၁နာရီကြာမူးမေ့အောင်သောက်ပြီးနောက် ကမ္ဘာမူးကာမှောက်သွားသည်။ထိုအခါကမ္ဘာ့သူငယ်ချင်းလည်း နေရောင်ဆီဖုန်းဆက်ကာလာခေါ်ဖို့ပြောလိုက်သည်။ဖုန်းထဲနေစိတ်ပူကာတုန်ယင်နေတဲ့အသံကိုကမ္ဘာ့သူငယ်ချင်းကကြားတော့ သက်ပြင်းချမိသည်။သူတို့လင်လင်နှစ်ယောက်ဘာဖြစ်သလဲမသိပေမယ့်တစ်ယောက်နဲ့တစ်ယောက်အသက်ထက်ချစ်တာတော့သေချာသည်။

"အကိုဘုန်းကျေးဇူးတင်ပါတယ်ဗျ မောင်အဆင်ပြေရဲ့လားဟင်"

"ဟိုမှာမှောက်နေတယ်နေရောင် သူရောက်ကတည်းကစကားလည်းမပြောဘူးသောက်ပဲသောက်နေတာ။"

"အလုပ်ရှုပ်စေမိပြီကိုဘုန်းရယ် မောင်ကျွန်တော်နဲ့နည်းနည်းအခန့်မသင့်လို့ပါ။"

"အေးအေး သေချာခေါ်သွား"

နေရောင်လည်းကမ္ဘာကိုယ်‌ကိုမနိုင်မနင်းဖြင့်ကားပေါ်တင်ပြီးနောက်အိမ်သို့မောင်းလာလိုက်သည်။

အိမ်သို့ရောက်သည်နှင့်အိပ်ခန်းသို့တွဲခေါ်လိုက်သည်။နေရောင်လည်း ကမ္ဘာခြေအိတ်နှင့်အဝတ်တစ်ချို့ကိုချွတ်လိုက်သည်။ပြီးနောက်

"မင်းနေရောင်ခြည်....ငါမင်းပေါ်ဘာတွေအမှားလုပ်ခဲ့မိလို့လဲ ငါမင်းကိုသေမလိုချစ်တာသိရဲ့လား"

"မောင်မပြောလည်းရောင်သိတယ်။"

"အဲဒါကိုဘာလို့များကျစ်!"

"မောင်မမွေးရတိုင်းကလေးလိုချင်မနေနဲ့"

"ဟ ကိုယ့်သွေးသားနဲ့ဖြစ်တည်လာမယ့်ကလေးကိုမလိုချင်ပဲရှိမလား!"

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Where stories live. Discover now