Chapter (12) Unicode

44.7K 2.5K 81
                                    

အိပ်ယာပေါ်တွင် လှုပ်လာတဲ့လရောင်လက်ကိုနေရောင်က ကိုင်တော့

"လရောင် အဆင်ပြေလား

"ကိုနေ ဟို နေနွယ်အမေကို ကျွန်တော်သတ်လိုက်တာတဲ့"

"စိတ်လျော့နော် လရောင် ဒါမင်းသတ်တာမဟုတ်ဘူး မတော်တဆဖြစ်သွားတာ။"

"မဟုတ်ဘူးကိုနေသူ့ကိုကျွန်တော်သတ်လိုက်တာ"

"လရောင်စိတ်လျော့ မင်းစိတ်အရမ်းလှုပ်ရှားလို့မရဘူး မင်းဗိုက်ထဲမှာ ကလေးရောက်နေပြီ"

"ကိုနေဘာပြောလိုက်ဝာာလဲ"

"ဟုတ်တယ်လရောင် ၂ပတ်လောက်တော့ရှိနေလောက်ပြီ"

"မဖြစ်ရဘူး ကိုနေဟိုတစ်ခါပြောထားတဲ့ကိစ္စအတွက်လေအခုပဲအကူညီတောင်းပါရစေနော်"

"ကွာရှင်းချင်တာလားလရောင်"

"ဟုတ်တယ်ကိုနေ ကျွန်တော်သူနဲ့ကွာရှင်းချင်တယ်။"

"နေယံကကွာရှင်းပေးမယ်မထင်ဘူး လရောင် အခု ကလေးပါရှိတော့မဖြစ်နိုင်လောက်ဘူး"

အခန်းတံခါးကိုဖွင့်ကာ နေယံဝင်လာသည်။ပြီးနောက်သတိရလာတဲ့ လရောင်အနားသို့တိုးကပ်ကာ

"မင်းငါနဲ့ ကွာရှင်းချင်နေတာလားလရောင်"

"ဟုတ်တယ် မင်းနဲ့တစ်မိုးအောက်တည်းကိုမနေနိုင်ဘူး မင်းချစ်တဲ့သူကိုသတ်ထားတဲ့ငါနဲ့ရော မင်းကနေချင်လို့လား!"

"လရောင်ထိန်သာ....."

"ဘာလဲ ထပ်ပြီးမင်းလုပ်ချင်သလိုလုပ်အုံးမှာလား"

နေရောင်ခြည်လည်း နေယံလက်မောင်းကိုဆွဲကာ တံခါးအပြင်သို့ခေါ်သွားသည်။

"နေယံမင်းလာခဲ့ လရောင် နားတော့"

အခန်းပြင်၌နေယံကလက်ကိုအတင်းကြပ်ရုန်းလျက်

"အစ်ကိုကပါဘာဖြစ်နေတာလဲ"

"မင်းမှားနေပြီနေယံ မင်းသူ့ကိုချစ်တယ်သူ့နဲ့မကွာရှင်းချင်ဘူးဆို သူကို အရင်တုန်းကလို မဆက်ဆံပါနဲ့"

"အစ်ကိုဘယ်လိုပဲပြောပြော သူ့ကိုမြင်လိုက်တိုင်းကျွန်တော့်ရဲ့ ကြည်ပြာကိုပဲပြန်မြင်နေမိတယ်။"

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Donde viven las historias. Descúbrelo ahora