Chapter (6) Unicode

42K 2.5K 169
                                    

"Good Morning Baby"

"Morning ပါဦးဦး"

မနက်စောစော ထမင်းစားခန်းတွင် တူဝရီးနှစ်ယောက်နှုတ်ဆက်လျက်ရှိသည်။မီးဖိုချောင်ထဲမှ လရောင်က ကြက်ဥကြော်ပန်းကန်လေးကိုကိုင်ကာထွက်လာသည်။ ပြုံးရယ်နေတဲ့နှစ်ယောက်ကိုကြည့်ပြီး သူပါအလိုလိုပြုံးလိုက်မိသည်။

"မောနင်းပါလရောင်ဒါနဲ့ ကြီးနွယ်မရှိဘူးလား"

"ရှိပါတယ် အစ်ကို မီးငယ်ကိုတော့ ကျွန်တော်ကိုယ်တိုင်ကျွေးချင်လို့ပါ။"

"ကြည့်ရတာ မီးငယ်က သူ့ပါးပါးကို မခွဲနိုင်ဖြစ်နေတာဒါကြောင့်ကို"

လရောင်က ပြုံးပြကာထိုအပြုံးကိုမြင် တော့နေရောင်က အတွေးထဲ တစ်စုံတစ်ယောက်ပေါ်လာသည်။

"လရောင်ရဲ့အပြုံးကိုမြင်တော့ အစ်ကို သိပ်သဘောကျရတဲ့ သူကိုသတိရမိတယ်။"

လရောင်က ပြုံးကာ နေနွယ့်ကို ကျွေးနေရင်းနှင့် နေရောင်ကို ကြည့်ကာ

"ဟုတ်လား ကြည့်ရတာ သူကအချောလေးဖြစ်မယ်နဲ့တူတယ် ဘာလို့‌ဆိုတော့ ကျွန်တော်ကချောတယ်လေ ဟဲဟဲ......"

လရောင်က ရိုးရှင်းသောအပြုံးလေးဖြင့်ရယ်ကာ ပြောလိုက်သည်။

"ဟုတ်တယ်လရောင်ရဲ့ သူက မင်းလိုပဲလေ သိပ်ကိုချောဝာာ"

နေရောင်က မျက်နှာမကောင်းပဲပြောတော့မှ‌လရောင်စကားလမ်းကြောင်းလွှဲလိုက်သည်။

"ဒီနေ့မီးငယ်ကလည်းကျောင်းသွားရမှာ အဲ့တော့ ကိုကြီး အိမ်မှာပဲအချိန်ဖြုန်းမှာလား"

"မဟုတ်ဘူးအစ်ကိုလည်းမြန်မာကိုမရောက်တာကြာတော့ လျှောက်လည်ကြည့်အုံးမယ်လေညီရော လိုက်မလား"

"မလိုက်တော့ဘူးအစ်ကိုပျော်ပျော်လည်ခဲ့နော်"

"ပါးပါး မီးငယ်စားလို့ပြီးပြီ "

"ပါးပါးအိမ်ရှေ့ထိလိုက်ပို့ပေးမယ်နော် "

"ကျောင်းကိုရောဟင် ပါးပါး"

"အာအဲဒါကလေ ပါးပါးနေသိပ်မကောင်းလို့နောက် မီးငယ်ဒယ်ဒီလာမှအတူတူလိုက်ပို့ပေးမယ်။"

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Tahanan ng mga kuwento. Tumuklas ngayon