လွန်ခဲ့သော လေးနှစ်ခန့်က
************
"ကြည်ပြာ အိမ်မှာပဲနေနော် မောင်လာကြိုခိုင်းလိုက်မယ်။""ရတယ်မောင် ကြည်ဘာသာလာခဲ့မယ် "
"မဖြစ်သေးဘူးလေ ကြည်ပြာက ကိုယ်ဝန်ကြီးနဲ့ကားမောင်းပြီးလာလို့မဖြစ်ဘူး"
"မောင်ကလည်း ကြည်အဆင်ပြေတယ် မပူနဲ့ ကြည်ဘာသာလာခဲ့မယ်နော်"
"အင်းအင်း သေချာကားကိုဂရုစိုက်မောင်းနော် ကြည်တစ်ခုခုဖြစ်ရင်မောင်က"
"ကဲပါမောင်ရယ် သိပါတယ်။စိတ်မပူနဲ့ဟုတ်ပြီလား ဒါနဲ့ချစ်တယ် မောင်....."
"ပိုချစ်တာပေါ့ဗျာ "
ဒီနေ့က ကုပ္ပဏီညစာစားပွဲရှိတာကြောင့်နေယံလည်း အလုပ်များနေခဲ့သည်။ ကြည်ပြာလည်း အိမ်ကကားကို ကိုယ်တိုင်မောင်းပြီးသွားရန်ပြင်လိုက်သည်။ Sunny Group ရဲ့ CEO နေယံခေါင်ခိုက်မှာ ကြည်ပြာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတာကို မိသားစုဝင်တွေသာသိသည်။ ကြည်ပြာဆိုသူမှာ နေယံရဲ့အချစ်ဦးလည်းဖြစ်ပေသည်။ လက်ထပ်ပြီး ၁နှစ်ကြာပြီးတဲ့နောက်မှာတော့ ချစ်ရတဲ့ အမျိုးသမီးငယ်နဲ့အတူ ရင်သွေးငယ်ရခဲ့သည်။သို့ပေမယ့် နေယံရဲ့ အပျော်တွေမှာ ရေရှည်မခံခဲ့ပါ။
ဒီနေ့စံအိမ်၌ လရောင်အဖေဖြစ်သူနှင့်အစ်ကို အဒေါ်တွေက ညစာစားပွဲတစ်ခုကိုအတူတူတက်သွားသည့်အတွက်ကြောင့် အိမ်တွင် ဦးပိုင်ဇေယျနှင့်လရောက်သာကျန်ခဲ့သည်။ လရောင်လည်း သူ့အခန်းထဲ၌သာစာလုပ်နေသည်။
ဒေါက် ဒေါက်
"ဘယ်သူလဲ"
"အန်ကယ်ပါ လရောင်လေးအတွက် အအေးလာပို့တာ"
အန်ကယ်ဟူသောအသံကိုကြားလိုက်ရ၍ လရောင်ထိန့်လန့်မိသွားဖြစ်သည်။ပိုင်ဇေယျဆိုတဲ့ သူက လရောင်ကိုအမြဲထိကပါးရိကပါးအမြဲလုပ်တတ်သည်။တစ်နေ့ကလည်းသူ့ရဲ့တင်ပါးကို မထိတစ်ထိဖြင့်ကိုင်လိုက်သေးသည်။အခုအိမ်တွင်လည်း ဘယ်သူမှမရှိသောကြောင့် သူကြောက်ရွံနေမိသည်။သို့ပေမယ့် အားတင်းကာတံခါးနားသွားကာဖွင့်လိုက်သည်။
"အန်ကယ်ကလရောင်သောက်ဖို့ အအေးလာပေးတာရော့ဒီမှာ"
ပိုင်ဇေယျတစ်ယောက် အအေးခွက်ကို အတင်းလရောင်လက်ထဲထိုးထည့်လိုက်သည်။လရောင်မသောက်မချင်းကိုစိုက်ကြည့်နေသည်။သူမသောက်ရင်ဒီနေ့ ပြန်မယ့်ပုံမပေါ်တာကြောင့်လရောင်လည်းဘာမှမစဉ်းစားတော့ပဲ သောက်လိုက်သည်။
CZYTASZ
𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//
Romansနေယံခေါင်ခိုက် + လရောင်ထိန်သာ [𝐶.𝑂.𝑀.𝑃.𝐿.𝐸.𝑇.𝐸] ⚠︎ M-Pre Zawgyi နေယံခေါင်ခိုက် + လရောင်ထိန်သာ