Chapter (14) Unicode

46.2K 2.3K 78
                                    

"နေရောင်ခြည်မင်းဘယ်မှာလဲ"

ကမ္ဘာလည်း အခုရက်ပိုင်းလရောင်ကိစ္စကြောင်မကြာခဏဆက်သွယ်ဖြစ်နေမိသည်။သိတဲ့အတိုင်းယောက်ဖဖြစ်သူနေယံနဲ့သူကကြောင်နှင့်ကြွက်အလားပင် ဒီတော့ဘာကိစ္စကြောင့်နဲ့မှမဆက်သွယ်ကြ

"ဆေးရုံမှာလေဘာလဲရောင့်ကိုသတိရနေလို့လား"

"ဒီမှာမင်းကိုငါ့ညီမျက်နှာကြောင့်ဆက်သွယ်နေတာကိုအထင်တွေမမှားစမ်းပါနဲ့"

"ရောင်ကစနေတာပါ "

"ငါ့ညီဘယ်လိုလဲသူနေရတာအဆင်ပြေရဲ့လား"

"ဒီညနေကျရင်ရောင် လရောင်စားချင်တာသွားချက်ကျွေးမလို့လေအဲဒါ ကမ္ဘာပါလိုက်ခဲ့ပါလား"

"ဟိုမသာရောရှိလား"

"အဲဒါသူ့အိမ်ပဲလေရှိမှာပေါ့"

"မလိုက်တော့ဘူး'

"အဲလိုမလုပ်ပါနဲ့လရောင်လည်းသူ့အစ်ကိုဖြစ်သူကိုသတိရနေမှာလေ"

"ဘယ်အချိန်သွားမှာလဲ"

"လေးနာရီလောက်လာခေါ်မလို့လား"

"မင်းမှာကားမရှိဘူးလား"

"တော်ပြီကိုယ်ဟာကိုယ်ပဲသွားမှာပါအဟွန်း"

နေရောင်ခြည်လည်းဖုန်းကိုချလိုက်သည်။တကယ်ပါ ကမ္ဘာပြန်ချစ်ဖို့အဲလောက်တောင်ခဲယဉ်းရလား။ဝဋ်ပြန်လည်တာသေချာတယ်။အရင်တုန်းက သူက ကမ္ဘာကိုပညာပေးခဲ့သမျှအခုပြန်ခံရပြီ။တကယ်ကို တရားတွေလည်းရပါတယ်။

*************
လရောင်ကိုယ်ဝန်စရှိကတည်းက နေယံ လရောင်နဲ့ခွဲအိပ်နေသည်မှာ နှစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။အလုပ်ကိုလည်း အိမ်အလုပ်ခန်းတွင်သာလုပ်လေ့ရှိသည်။အရေးကြီးကိစ္စမရှိရင် နေယံဘယ်ကိုမှမသွားပေ။

"ကိုကို......အထဲမှာရှိလား"

"ဝင်လာခဲ့"

လရောင်လည်း ကော်ဖီတစ်ခွက်နဲ့မုန့်တစ်ချို့ကိုဗန်းထဲထဲ့ကာယူလာသည်။တစ်မနက်လုံး အလုပ်များနေတာကြောင့်အခုထက််ထိနေယံမစားရသေးတာကိုသူသိသည်။

နေယံက လရောင်ကိုင်လာတဲ့ဗန်းကိုကြည့်ကာမျက်မှောင်ကြုတ်လျက် မနေနိုင်တော့ပဲထကာ ဗန်းကိုယူလိုက်သည်။ပြီးနောက်

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Nơi câu chuyện tồn tại. Hãy khám phá bây giờ