Chapter (4) Unicode ⚠︎

47.2K 2.3K 105
                                    

ပြတင်းပေါက်မှအေးစက်လှတဲ့လေအေးလေးတိုက်လာတော့ ပြတင်းပေါက်မှ လိုက်ကာစလေးက လွင့်နေသည်။ နေရောင်က စူးရှသောကြောင့် ကုတင်ပေါ်ကကောင်လေးရဲ့မျက်နှာပေါ်သို့ ဖြာကျနေသည်။

မနေ့ညကအရှိန်ကြောင့် ခါးအောက်ပိုင်းတစ်ခုလုံးနာကျင်ထုံလျက်ရှိသည်။ တစ်ကိုယ်လုံးတွင်လည်း အနီရောင် ကိုက်ရာများ အမှတ်သားများပြည့်နှက်နေသောကြောင့် မြင်ရက်စရာပင်မရှိ။

အားတင်းကာစောင်ကိုဖယ်လျက် စားပွဲပေါ်တွင်ရှိတဲ့ သဘတ်အဖြူထည်ကို သူ့ရဲ့ခန္ဓာကိုယ်လေးကိုပက်လိုက်သည်။ပြီးနောက် ကုတင်ပေါ်မှထလျက် ရေချိုးခန်းထဲသို့ဝင်သွားသည်။ရေချိုးခန်းထဲတွင် ညက နေယံ သူ့ကိုလုပ်တာကို ပြန်မြင်ယောင်လာတော့ တုန်လှုပ်မိသည်။

"ရေချိုးခန်းထဲမှာ အကြာကြီးဘာလုပ်နေတာလဲ မင်းသေချင်နေတာလား"

အခန်းပြင်မှ အသံဩဩကြီးကြားလိုက်ရသောကြောင့် လရောင် ကသူ့ခန္ဓာကိုယ်လေးကိုဖုံးရန် Bathrobe လေးကို ဝတ်လိုက်သည်။

ရေချိုးခန်းမှန်တံခါးကို တွန်းလျက်နေယံကဝင်လာသည်။ပြီးနောက်လရောင်ကို မချီသွားလျက် ကုတင်ပေါ်တွင်ပစ်ချလိုက်သည်။နေယံကဆိုဖာပေါ်တွင်ထိုင်စားပွဲပေါ်ကဝိုင်ခွက်လေးကိုကိုင်ကာနေသည်။

"ကျစ် မင်းရေချိုးခန်းထဲမှာ အကြာကြီးဘာလုပ်နေတာလဲသေချင်နေတာလား"

"မဟုတ်...ဘူးငါဒီတိုင်းရေချိုးဖို့"

"မင်းသေချင်ရင်လည်း ငါ့အမိန့်မပါပဲသေလို့မရဘူး"

"ကိုကို ငါကိုမချစ်ဘူးသေလောက်အောင်မုန်းနေတာလား"

"အေး ဟုတ်တယ်သတ်ပစ်ချင်လောက်အောင်ကိုမုန်းတာ"

"ဒါဆိုရင် ကိုကိုကျွန်တော်ကို သတ်လိုက် ပြီးတော့မချစ်ဘူးဆို ဘာလို့ ကျွန်တော် ကိုကိုကိုချစ်မိလာအောင်လုပ်ခဲ့ရတာလဲ!"

နေယံကဆိုဖာပေါ်ကနေထကာ

"ရှင်လျက်နဲ့ သေသလို ခံစားရတဲ့အရသာကို မင်းကိုခံစားစေချင်လို့"

"ကိုကို ကျွန်တော့်ကို အရင်ကတည်းက နည်းနည်းလေးတောင်မချစ်ခဲ့ဘူးလား"

𝚈𝚘𝚞𝚛'𝚎 𝙼𝚢 𝙵𝚊𝚝𝚎 //complete//Where stories live. Discover now