Ep - 4

4.9K 429 157
                                    

(Unicode)

မနက်ခြောက်နာရီဆို အိပ်ယာထလေ့ရှိတဲ့ရိပေါ်က ဒီနေ့တော့ ရှောင်းကျန့်နောက်မှထ၏။ ရှောင်းကျန့်က ရေချ်ိုးပြီးမှ ရိပေါ်က မျက်နှာသစ်ဖို့ ရေချိုးခန်းထဲဝင်သွားသည်။

ဒီနေ့မနက်လည်း အကျီထုတ်မပေးတဲ့ ရိပေါ်ကို ရှောင်းကျန့်က ရွေးပေးနိုးနိုးဖြင့် အသာလေးအကဲခတ်နေမိသည်။ တဘက်ကို အောက်ပိုင်းနဲ့ ပတ်ထားပြီး ဘာအကျီဝတ်ရမှန်းမသိဖြစ်နေပြန်သည်။

" ဟို ကိုယ့်ကို အကျီရွေးမပေးတော့ဘူးလား "

မျက်နှာကို ခရင်မ်တစ်ခုခုလိမ်းနေဆဲ ရိပေါ်ကို ရှောင်းကျန့်က လှမ်းမေး၏။ ရိပေါ်က မှန်ထဲကနေတဆင့်ရှောင်းကျန့်ကိုပြန်ကြည့်လာသည်။

" လက်မပါဘူးလား။ ကိုယ့်ဘာသာကိုယ်ထုတ်လေ "

ခပ်ပြတ်ပြတ်စကားကြောင့် ရှောင်းကျန့်မှာ နင်ချင်သလိုတောင်ဖြစ်သွားရသည်။

" မရွေးတတ်လို့ "

ရှောင်းကျန့်မှာ သနားကမားမျက်နှာလေးနဲ့ လည်ဂုတ်ကိုပဲပွတ်လို့ ဘီရိုကြီးကိုပဲ ပြန်ကြည့်နေမိသည်။ ထိုအခါမှ ရိပေါ်လည်း မနေနိုင်ပဲ ရှောင်းကျန့်ဝတ်ဖို့ အကျီထုတ်ပေးရ၏။

ထိုအခါမှ ရှောင်းကျန့်လည်းပြုံးနိုင်တော့သည်။

" ရော့ .... ဝတ် ကလေးလည်းမဟုတ်ပဲနဲ့ အကျီကအစ ထုတ်ပေးနေရတယ် "

ရိပေါ်က ဆောင့်ဆောင့်အောင့်အောင့်နဲ့ အကျီထုတ်ပေးလေသည်။

" အရင်တုန်းကကျ နေ့တိုင်း ဘာလို့ အကျီထုတ်ပေးခဲ့တာလဲ "

ရှောင်းကျန့်က အကျီမဝတ်ရသေးပဲ ရိပေါ်ကိုမေးခွန်းထုတ်နေသည်။ ရိပေါ်မှာတော့ အနည်းငယ်မျက်နှာပျက်နေ၏။ ထိုမေးခွန်းအတွက် အဖြေမရှိပေ။ လွန်ခဲ့တဲ့နှစ်ရက်ကအထိ ရှောင်းကျန့်ရဲ့ ဝေယျာဝစ္စတွေအသေးစိတ်ကအစ လိုက်လုပ်ပေးခဲ့တာဆိုတော့..... ။

" မကောင်းတတ်လို့ အဲ့လိုသဘောထားလိုက် "

ခပ်ရွဲ့ရွဲ့စကားဆိုပြီး ရှောင်းကျန့်ရှေ့ကနေ ထွက်မယ်လုပ်တော့ ရှောင်းကျန့်က ရိပေါ်ရဲ့ လက်တစ်ဖက်ကို ဆောင့်ဆွဲလို့ ရင်ခွင်ထဲ ထည့်ပစ်သည်။ အကျီမဝတ်ထားတဲ့ ရှောင်းကျန့်ရဲ့ ရင်ဘတ်နဲ့ ပူးကပ်နေတဲ့ အနေအထားမှာ ရိပေါ်မျက်နှာတွေပူလာသည်။ ရိပေါ်ရဲ့ လက်တွေက ရှောင်းကျန့်ရဲ့ ရင်အုပ်နှစ်ဖက်ပေါ်မှာ တင်ထားမိသည်ဆိုတော့ ပိုဆိုးသည်။ ထိုလက်တွေကို ဖယ်ချင်ပေမယ့် ရင်ချင်းအပ်လို့ ခါးတွေကို တင်းတင်းဖက်ထားတာကြောင့် လက်က ရင်ဘတ်နှစ်ခုကြားညပ်နေ၏။

Highway To HeavenWhere stories live. Discover now