Ep - 10

4.8K 383 145
                                    

(Unicode)

သားသားဆေးရုံဆင်းပြီဆိုပေမယ့် ဝီလီယမ်ကတော့ပေါ်မလာခဲ့။

ဖုန်းနံပါတ်က ဘယ်ကရတယ်ရယ်မသိ မက်ဆေ့ချ်တွေလာပို့နေသည်။ ဘာမှတော့ ပြန်မပြောပေမယ့် ရှောင်းကျန့်သာ ဖုန်းကိုကြည့်မိရင် အထင်လွဲစရာတွေဖြစ်နိုင်တဲ့ မက်ဆေ့ချ်တွေကြောင့် ဘလော့ပစ်လိုက်သည်။

ဘယ်အချိန်မှာများ လာနှောက်ယှက်လာမလဲလို့တွေးမိပြန်တော့ ရင်တမမဖြစ်ရပြန်သည်။

ကိုယ်က မချစ်မကြိုက်ပါပဲနဲ့ ကိုယ့်ကို သဘောကျနေတဲ့သူရှိတယ်ဆိုတဲ့ အသိနဲ့ မွန်းကြပ်သလိုခံစားနေရ၏။ ကိုယ့်ကိုယ်ကိုလည်း မလုံခြုံသလိုခံစားနေရသည်။

ပြီးတော့ ကိုယ်က အိမ်ထောင်ရှိအမျိုးသားတစ်ယောက်။ ဒါကို သိလျက်နဲ့ တွယ်ကပ်ချင်နေသည့် ဝီလီယမ်ကိုလည်း တကယ်နားမလည်။ ရိပေါ်သာ ခပ်လွယ်လွယ်ယောကျာ်းတစ်ယောက်ဆိုရင် ရအောင်ဆွဲဆောင်ပြီးဖောက်ပြားမယ့်သဘောမှာရှိ၏။

အိမ်ထောင်ရေးဖောက်ပြားတာကိုတော့ ရိပေါ်ကိုယ်တိုင်လည်းရွံသည်။ အထက်တန်းတုန်းက တွဲခဲ့တဲ့ကောင်မလေးလည်း ရိပေါ်ရဲ့နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ ခိုးတွဲနေတာကြောင့် သိလည်းသိရောဖြတ်ပစ်လိုက်တာဖြစ်သည်။

ရှောင်းကျန့်နဲ့ အိမ်ထောင်ကျပြီးကတည်းက ကိုယ်ကျင့်တရားနဲ့ ပက်သက်လို့က ဘယ်သူမှ မပျက်ပြားခဲ့ကြတာကြောင့် ဒီအချက်ကို အပြစ်ဖို့စရာမရှိ။

ကွာရှင်းမယ့်အထိဖြစ်တာကလည်း ဖောက်ပြားလို့မဟုတ်ပဲ အိမ်ထောင်ရေးမှာ လျစ်လျူရှုခဲ့မှုတွေ နွေးထွေးမှုမရှိတာတွေ အလေးမပေးခဲ့မှုတွေနဲ့ ကတောက်ကဆဖြစ်ခဲ့လို့သာ။

သာယာခါစအိမ်ထောင်ရေးကို ဘယ်နည်းနဲ့မှ အပျက်စီးခံလို့မဖြစ်။

တက္ကသိုလ်စာမေးပွဲတွေလည်း ပြီးသွားပြီဖြစ်တာကြောင့် ရှောင်းကျန့်က အမှတ်စာရင်းတွေလုပ်ရင်း အလုပ်ရှုပ်နေလေသည်။

ကလေးယူမယ်ပြောထားပေမယ့် ရှောင်းကျန့်က ရှောင်ဖယ်ရှောင်ဖယ် လုပ်နေတာကြောင့် မလိုချင်တော့တာများလားလို့ အနည်းငယ်စိုးထိတ်နေရသည်။

Highway To HeavenWhere stories live. Discover now