(Unicode)
ပါပါးတို့ မင်္ဂလာဆောင်မပြဘူးဆို သားသားက သူ့အဖိုးအိမ်မှာပဲ တစ်သက်လုံးနေတော့မှာလို့ အကြပ်ကိုင်လေသည်။
ရူးတူးတူးပေါတောတောနဲ့ နောက်တစ်ခေါက် မင်္ဂလာပြန်မဆောင်ချင်ဘူးလို့ ပြောပေမယ့်လည်း မရမကတောင်းဆိုနေတဲ့သားသားကြောင့် ရိပေါ်မှာ တကယ်ကြီး မင်္ဂလာဆောင်လိုက်ရ၏။
ဒီတစ်ခါတော့ လွန်ခဲ့တဲ့ခြောက်နှစ်ကနဲ့မတူ နှစ်ယောက်လုံးပြုံးပြုံးပျော်ပျော်နဲ့ အချစ်တွေအပြည့်ပါတဲ့ မင်္ဂလာပွဲဖြစ်ခဲ့လေသည်။
အိမ်ထောင်သက်တမ်းကြာမှ နောက်တစ်ခေါက်ပြန်ကျင်းပတဲ့ မင်္ဂလာပွဲဖြစ်တာမို့ နည်းနည်းကြောင်တောင်တောင်နိုင်ပေမယ့် အကူန်လုံးကတော့ ပြုံးပျော်နေလေ၏။
အရင်တုန်းက ရိပေါ် ဗိုက်ထဲမှာ သားသားလေးစဖြစ်တည်တုန်း မင်္ဂလာဆောင်ခဲ့ရတာ ခုတော့ဖြင့် သားသားက စင်ပေါ်က အဖေနှစ်ယောက်ကြားမှာ ။
ကတိသစ္စာပြုပြီး အနမ်းချင်းဖလှယ်ကြတော့ တစ်ပွဲလုံးမှာ အပျော်ဆုံးက သားသားလို့ထင်ရအောင် ပျော်ရွှင်မြူးကြွလေသည်။
အရင်တုန်းက ဟန်းနီးမွန်းမထွက်ခဲ့ရလို့ သားသားကိုပါခေါ်ကာ သားအဖသုံးယောက် ခရီးတစ်ခုထွက်ခဲ့ကြသည်။
ကျိုးချန်က သူပါလိုက်ချင်တယ်ဆိုပြီး သူများ အတွဲတွေကြား ကန့်လန့်ကန့်လန့်ပါလာလေသည်။
ကောင်မလေးက သူ့ ကျောင်းစာတွေနဲ့မအားတာကြောင့် ပစ်ထားခဲ့သည်တဲ့။
ကောင်မလေးအပေါ် မသိတတ်ပုံများ သြချယူရမည်။ ကောင်မလေး ငယ်ငယ်လေးရထားပြီးသူက ဂရုစိုက်ရမှာမဟုတ်ပဲ ဟိုကလေးမလေးက သူ့ကိုပိုချစ်လို့ ဆိုးကြည့်ချင်ပါသတဲ့လေ။ ရည်းစားစကားသွားပြောတာကျ သူ ဟိုကပြန်ကြိုက်တော့ သူကသဲသဲလှုပ်လားဆိုလည်း အဲ့လိုမဟုတ်။
အတော်တရားရစရာကောင်းတဲ့ လူ။
ကျိုးချန်ပါလာတာလည်းဆိုးတော့မဆိုး သားသားကို ကျိုးချန်နဲ့ အပ်ထားပြီး ရိပေါ်နဲ့ ရှောင်းကျန့်ကတော့ မသိရင် ခုမှစချစ်ကြတဲ့ လူပျိုလေးတွေလို နှစ်ယောက်တည်း အေးအေးဆေးဆေးလျှောက်လည်နေကြလေသည်။
YOU ARE READING
Highway To Heaven