Ep - 16

3.8K 329 95
                                    

(Unicode)

ရှောင်းကျန့်မှာ အိပ်ယာပေါ်ရောက်သည်အထိ အနမ်းကြောမပြတ်နိုင်သေးတာကြောင့် ရိပေါ်က ရှောင်းကျန့်ရင်ဘတ်တွေကိုတွန်းလို့ မျက်နှာလွှဲပစ်ရသည်။ မဟုတ်ရင် ဒီနေ့တစ်နေ့လုံး အိပ်ယာပေါ်မှာပဲအချိန်ကုန်ကိန်းရှိသည်။

" ရေသွားချ်ိုးတော့ အသားစိမ်းစော်နံတယ် "

" အိုကေ အသည်းတုံးသဘော "

ဒါတောင်ပါးကို ရွှတ်ခနဲနမ်းပြီးမှ ရေချိုးခန်းဘက် ခုန်ပေါက်ခုန်ပေါက်နဲ့ပြေးထွက်သွား၏။

သုံးဆယ့်ခြောက်နှစ်သားရှောင်းကျန့်က ဒါမျိုးလည်းပြုမူတတ်သေး၏။

ရိပေါ်မှာ ပါးကို ကိုင်ရင်း ဒီနေ့ဘာတွေဖြစ်သွားလည်းဆိုတာကိုပြန်တွေးရင်းပြုံးနေမိသည်။

ထမင်းဟင်းချက်ကျွေးချင်ပါတယ်ဆိုတဲ့ ပါမောက္ခကြီးမွှေလို့ မီးဖိုချောင်တစ်ခုလုံးလည်း ဗွက်ချာပေါက်ကုန်ပြီ။ ရိပေါ်မှာလည်း ဝန်ထမ်းတွေရှေ့တောင် အိန္ဒြေမဆည်နိုင်ပဲ အပြေးထွက်လာခဲ့ရသည်။

ရှောင်းကျန့်က သူ့ကို အများကြီးဂရုစိုက်လာတယ်ဆိုတဲ့ အသိက ရင်ထဲ နွေးထွေးစေ၏။ ကလေးတွေလိုမျိုး ဖုန်းဆက်ပြီး အော်ငိုတဲ့အသံကိုပြန်ကြားယောင်ပြန်တော့ သဘောတကျ ပါးတွေမို့တက်အောင်ရယ်မိသည်။

ပါမောက္ခက ရှောင်းက တကယ့်ကလေးကြီးပဲဆိုတာကို ခုနောက်ပိုင်းမှ တစ်စတစ်စ သိလာခဲ့ရတာဖြစ်သည်။ ရှောင်းကျန့်ရဲ့ ကလေးဆန်မှုတွေကို တဖြည်းဖြည်းတွေ့လာရမယ်လို့ ဘယ်တုန်းကမှ ရိပေါ် မစဥ်းစားမိခဲ့။

" ကိုယ်တို့ အတူတူချိုးကြမလား "

ဆယ်မိနစ်လောက်ကြာတော့ ရှောင်းကျန့်က အပေါ်ပိုင်းဗလာဖြင့် ရေချိုးခန်းထဲကနေ ကိုယ်တစ်ပိုင်းထွက်လာ၍ လှမ်းမေး၏။ ခုထိရေမချိုးသေးပဲ ရေချိုးခန်းထဲမှာဘာလုပ်နေလည်းမသိပေ။

" အစ်ကိုပြီးမှ ချိုးမယ် "

" ဟာ အတူတူချိုးချင်ပါတယ်ဆိုကွာ "

" မရဘူး "

ရှောင်းကျန့်မှာ ရေချ်ိုးခန်းနံရံကို လက်နဲ့ တဖြန်းဖြန်းရိုက်လို့စိတ်ကောက်တဲ့ပုံလုပ်နေပြန်သည်။

Highway To HeavenWhere stories live. Discover now