(Unicode)
သားသားလေးက ရှောင်းကျန့်နဲ့ နေ့နံတူစနေသားလေး။
အခုချိန်မှာ ပိုချစ်ရသူက ရှောင်းကျန့်ဖြစ်မယ်ထင်သည်။နောက် မွေးလာတဲ့ ကလေးလေးက ရိပေါ်နဲ့ တစ်ပုံစံတည်း။
မိုချီလုံးလေးပါးနှစ်ဖက်မှာတပ်ထားသလို ပါးဖောင်းဖောင်းလေးက ရဲတွတ်လို့။ အသားအရေမှာ ထိရက်စရာမရှိအောင် ဖွေးဥနေတဲ့ နို့ခဲလေးလိုမျိုး။
သမီးလေးလိုချင်တယ်ဆိုတဲ့ရှောင်းကျန့်မှာ သားသားလေးကို လက်ကမချနိုင် တစ်ပွေ့ပွေ့နဲ့မို့ ရိပေါ်လည်းစိတ်ချမ်းသာရသည်။
ရှောင်းကျန့်မှာ နီတာရဲပေါက်စလေးကို ပွေ့သာပွေ့နေရတာ မပွေ့တတ်ပွေ့တတ်နှင့်။ သူ့ခမျာ ကလေးလေးကိုကြည့်ရင်း အသည်းတယားယားဖြစ်နေရသည် ။ ရှောင်ပေါင်းလေးမွေးခါစတုန်းက ဒါမျိုးမချီခဲ့ရ၍ အသက်ကြီးမှ ကလေးပွေ့ရတော့ အထူးတဆန်းတွေကိုဖြစ်လို့။
လက်နှစ်ဖက်နဲ့ ပွေ့ထားရင်း ရင်ခွင်ထဲအိပ်နေတဲ့ ပေါက်စလေးကိုကြည့်ရင်း ရှောင်းကျန့်မှာ သွားတွေတောင်ကြိတ်လို့။ ပါးအိအိလေးတွေကို ပြတ်ထွက်သွားအောင်အထိ ဆွဲကိုက်ပစ်လိုက်ချင်မိသည်။
ရှောင်ပေါင်းလေးမွေးခါစတုန်းကလည်း ဒီလိုလေးပဲနေမည်။ စိတ်မကောင်းစရာက ရှောင်ပေါင်းလေးကို မွေးတုန်းက ရှောင်းကျန့်က ဆေးရုံကို သိပ်မသွားဖြစ်ခဲ့ပေ။
ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်းသားသားလေးကို မနိုးအောင် သေချာထိန်းလို့ ပွေ့ထားရသည်မှာ လက်တွေတောင်ကျင်နေပြီ။
သားငယ်လေးနိုးသွားမှာစိုးလို့ လက်ကိုတောင် မလှုပ်ရဲ။
" ကိုကို သားသားကို ကျွန်တော့်ဆီပေး "
ရိပေါ်က ကုတင်ပေါ်ကနေ လက်လှမ်းလို့ သားသားကို သူ့ဆီလွှဲခိုင်း၏။
" ရတယ်။ ကိုယ်ပဲပွေ့ထားမယ် "
ရှောင်းကျန့်ကမပေးပဲ သူပဲပွေ့ထားပြန်လေသည်။ လက်နာနေသားနဲ့ ဆက်ပွေ့နေတာကို ရိပေါ်က မသိပဲမနေ။
" ပြောရမခက်နဲ့ကိုကို။ သားငယ်ကို ကျွန်တော့်ဆီကိုပေးတော့ "
YOU ARE READING
Highway To Heaven