(Unicode)
ရိပေါ်က လုပ်ငန်းကိစ္စနဲ့ အလုပ်များနေတာကြောင့် သားသားရဲ့ အပို့အကြိုကို ရှောင်းကျန့်ကပဲ ကျောင်းပိတ်တုန်းတာဝန်ယူထား၏။
သားသားကို ဒီနေ့ မူကြိုမပို့ဖြစ်ပဲ ကစားကွင်းကို ခေါ်သွားဖြစ်သည်။ သားသားကို ကျောင်းလစ်ခိုင်းမှန်းသာသိရင်တော့ ရိပေါ်က ဒေါသထွက်ဦးမည်။ သူ့သားကို အကျင့်ဖျက်ရသလားလိုပြီး။
ဒီနေ့ ကျောင်းဖျက်တယ်ဆိုတာကလည်း အကြောင်းမဲ့တော့မဟုတ် သားသားကူညီမှရမယ့် ကိစ္စရှိလို့ပင်။ ပါမောက္ခတစ်ယောက်က အချစ်နဲ့ ပက်သက်လာရင်တော့ သူ့သားကိုတောင် ကျောင်းပျက်ခိုင်းသည်တဲ့။ ကျောင်းသားတွေသာသိရင်တော့ လေးစားကြတော့မှာတောင်မဟုတ်။
ဘာလဲဟင် ဆိုတဲ့ ပုံစံလေးနဲ့ မျက်လုံးတစ်ဖျတ်ဖျတ်ခတ်လို့သားသားက ရှောင်းကျန့်ကို ကြည့်နေလေသည်။
ပြီးတော့ သားသားအကြိုက်ဆုံး ရေခဲမုန့်ကိုကျွေးလို့ လာဘ်ထိုးထားရ၏။
" သားသားက ညီမလေးလိုချင်ပြီလား "
ရေခဲမုန့်စားရင်း မလိုချင်ဘူးဆိုတဲ့ သဘောနဲ့ သားသားက ခေါင်းယမ်းပြသည်။ ကလေးတွေဆိုတာ မလိမ်တတ်ဘူး။
သားသားရဲ့ စိတ်ရင်းအစစ်အမှန်ကို သိိလိုက်ရတာကြောင့် ရှောင်းကျန့်လည်း သားသားခေါင်းကို ဖွဖွပွတ်လို့ သက်ပြင်းတိုးတိုးချ၏။
သူတကယ်လောနေမိတာပဲ။ သားသားနဲ့ ရင်းနှီးတာတောင် မကြာသေးဘူးကို။
" သားသားက ဖိုးဖိုးတို့အိမ်မှာ သုံးလေးလလောက်သွာနေပေးပါလား။ ဒယ်ဒီက ပါပါးနဲ့ အများကြီး အဆင်ပြေချင်လို့ "
ကလေးဆ်ိုတော့ ဒီစကားတွေသုံးရတာ နားလည်လား နားမလည်လားတော့ မခန့်မှန်းတတ်ပါ။ ခြောက်နှစ်ထဲရောက်နေပြီဖြစ်တဲ့ ကလေးတစ်ယောက်ကို ရှောင်းကျန့်ဖြစ်စေချင်တဲ့အရာတွေကို ဘယ်လိုစကားလုံးတွေသုံးပြီး ပြောပြရမလဲ မသိ။ စာသင်ရတာမခက်ပေမယ့် ကလေးတွေနဲ့ စကားပြောရတာတော့ တကယ်ခက်သည်ပဲ။
ဒါပေမယ့် သားသားက စကားပီပြီး ကောင်းကောင်းသိတတ်တာကိုတော့ သိထားသည်။
YOU ARE READING
Highway To Heaven