(Unicode)
ရှောင်းကျန့်က ရေချိုးပြီးသည်နှင့် အောက်ပိုင်းကို တစ်ပတ်တစ်ထည်သာပတ်ထားရင်း ကုတင်ပေါ်ကို တက်ကာ ရိပေါ်ကို ခုန်အုပ်ပစ်လိုက်သည်။
" ချိုချဥ်လုံးလေးက်ိုစားဖို့ အဆင်သင့်ပဲ .... ဂါး "
" ဟားဟား "
ခုနကလည်း ဝေါင်းဆိုပြီး မာန်ဖီထားတာကို ခုလည်း ပြန်မာန်ဖီပြလို့ ရှောင်းကျန့်ကို ကြည့်ပြီး ရိပေါ်မှာ သဘောတကျရယ်မိလေတော့သည် ။
ရေမသုတ်ရသေးတာကြောင့် ရေစက်လက်နဲ့ ရင်အုံကို ရိပေါ်က လက်ညှိုးနဲ့ထောက်ပြီး အောက်နှုတ်ခမ်းကိုက်ပြရင်း မျက်စိတစ်ဖက် မှိတ်ပြ၏။
ရိပေါ်က တံတောင်ဆစ်တစ်ဖက်ဖြင့်သူ့ခန္ဓာကိုယ်ကို ထိန်းထောက်ထားသောကြောင့် ပက်လက် မလှန်တလှန်အနေအထား။
ဆင်းထားတဲ့ခြေထောက်သွယ်သွယ်နှစ်ချောင်းထဲက တစ်ချောင်းကို ကွေးကာ ထောင်ထားတော့ ပေါင်သားဖြူဖြူတွေကို ရှပ်အကျီပွပွကြီးက လုံအောင်ဖုံးမထားနိုင်ပေ။
ကြယ်သီးသုံးလုံးလောက်ကိုဖြုတ်ကာ ပခုံးတစ်ဖက်လျှောထားသည့်အတွက် ရင်ဘတ်ဖွေးဖွေးက တစ်ခြမ်းစောင်းပေါ်နေသေးသည်။
" မင်းက ကိုယ့်ကိုစိတ်တအားကြွအောင်လုပ်နေတာပဲ "
ရှောင်းကျန့်ကတော့ ရိပေါ်ကို အုပ်မိုးလျက် လက်တစ်ဖက်က ကုတင်ခေါင်းရင်းက ဘောင်ကိုကိုင်ထားကာ ရိပေါ်နှုတ်ခမ်းတွေကို ငုံ့ စုပ်လိုက်သည်။
" အဆင်သင့်ပဲလား "
ထိုစကားမှာ ရှောင်းကျန့်ဆီက မဟုတ်ပဲ ရိပေါ်ဆီကထွက်လာတာဖြစ်လေသည်။
" တကယ်ကြီး မေးနေတာလား ရိပေါ်က "
ရိပေါ်ဆီကနေ ဇာတ်လမ်းစတာ ခုမှမလား။ ခါတိုင်းက ရှောင်းကျန့်ကချည်း ရိပေါ်စိတ်ပါလာအောင် ဦးဆောင်ခဲ့ရတာ။
ရှောင်းကျန့်မှာ လက်ရှိအခြေအနေကို မယုံနိုင်ခြင်းများစွာနဲ့ မေးမိတော့ ရိပေါ်က ခေါင်းမော့ကာရယ်ရင်း ရှောင်းကျန့်ရဲ့ ပါးပြင်ကို လက်ချောင်းလေးတွေနဲ့ ဖွဖွထိတွေ့လာလေသည်။
YOU ARE READING
Highway To Heaven