(Unicode)
ဒီနေ့ကတော့ ဝမ်အုပ်စုမှာ ရိပေါ်အလုပ်စဆင်းတဲ့ရက်ဖြစ်၏။မကြာခင်မှာ ဝမ်ဥက္ကဌကြီးက အမွေတွေအားလုံးကို သားဖြစ်သူအားလွှဲအပ်မည်ဖြစ်ပြီး သားဖြစ်သူကို ဒီနေ့ပဲ မိတ်ဆက်ပေးမှာဖြစ်တာကြောင့် ကုမ္ပဏီတွင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။
ကုမ္ပဏီက ဝန်ထမ်းပျိုမဒီတွေအတွက် စိတ်မကောင်းစရာသတင်းကတော့ ဝမ်အုပ်စုရဲ့ ဆက်ခံသူက အိမ်ထောင်ကျပြီးသားဖြစ်ပြီး ကလေးပါရှိသည်တဲ့။
ဝမ်အုပ်စုရဲ့ အမွေကိုဆက်ခံမယ့် ဝမ်ရိပေါ်ဟာ အနောက်တိုင်းဝတ်စုံပြည့်နဲ့ အတော်လေး ခန့်ညားနေ၏။ မြင်သူတိုင်း ရှိန်ရလောက်အောင်ကို မျက်နှာထားက တည်ကြည်သည်။
မိတ်ဆက်အနေနဲ့ သတင်းစာရှင်းလင်းပွဲပြီးလို့ ရုံးခန်းကိုပြန်အရောက် ရိပေါ်လည်း ခြေပစ်လက်ပစ် ထိုင်မိ၏။ ဒီနေရာနဲ့သူ နေသားကျဖို့ အတော်ကြိုးစားရဦးမည်။
ဒွီ ဒွီ !
vibration ချထားတာကြောင့် တုန်ခါနေတဲ့ ဖုန်းကို ကောက်ကြည့်မိလိုက်တော့ ရှောင်းကျန့်ဆီကဖြစ်နေသည်။
အပြင်မှာမခေါ်ရဲတဲ့ နာမ်စားလေးအား contact အဖြစ်နဲ့ မှတ်ထားမိသည်က "ကိုကို" ဟူ၍။
" ဟဲလို "
" ပင်ပန်းနေပြီလား ရိပေါ်။ အဆင်ကောပြေရဲ့လား။ ခုနက သတင်းစာရှင်းလင်းပွဲမှာ ရိပေါ်ရဲ့ အင်တာဗျူးကို တိုက်ရိုက်ထုတ်လွှင့်တာကြည့်လိုက်ရတယ် "
စာသင်နေရမယ့် အချိန်မှာရိပေါ်ရဲ့ အင်တာဗျူးကြည့်နေတယ်ဆိုတဲ့ အသိက ရိပေါ်ရင်ထဲမှာ လှိုင်းပြေပြေလေးထသွားသလိုဖြစ်သွား၏။ ပင်ပန်းတယ် ကိုကိုရယ်ဆိုပြီး ရှောင်းကျန့် ရင်ခွင်ထဲကို တိုးဝှေ့ပြီး ချွဲချင်စိတ်တွေပေါက်လာရ၍ အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
" အင်း ၊ အဆင်ပြေအောင်တော့ကြိုးစားခဲ့တယ်။ ကျွန်တော် ဘယ်လိုနေလဲဟင် "
" ကိုယ့်တပည့်ဖြစ်ခဲ့ဖူးတဲ့ ဝမ်ရိပေါ်လေးက လူကြီးဖြစ်လာပြီပဲလို့ဆိုရမှာပေါ့။ အရမ်းတော်တယ် ရိပေါ် "
YOU ARE READING
Highway To Heaven