Ep - 5

4.8K 438 102
                                    

(Unicode)

အင်တာဗျူးအောင်ပြီး တစ်ပတ်အတွင်းအလုပ်စဆင်းရမှာဆိုတော့ ရိပေါ်လည်းတက်ကြွနေသည်။ အလုပ်သင်အနေနဲ့ ခြောက်လဆင်းရမှာဖြစ်ပြီး ထိုခြောက်လအတွင်းမှာ အကောင်းဆုံးကြိုးစားလိုက်ရင်တော့ အမြဲတမ်းဝန်ထမ်းဖြစ်လာနိုင်သည်။

အမြဲတမ်းတွေ အလုပ်သင်တွေ ရိပေါ်စိတ်မဝင်စား။ စိတ်ဝင်စားတာက အတွေ့အကြုံရဖို့ပင်ဖြစ်သည်။

ကုမ္ပဏီမှာ လောလောဆယ် ရိပေါ်အပါအဝင် အလုပ်သင်ဝန်ထမ်း ရှစ်ယောက်ရှိသည်။ ထိုအထဲကမှ လေးယောက်ကိုဖြုတ်ပြီး လေးယောက်ကိုပဲ အမြဲတမ်းဝန်ထမ်းအနေနဲ့ ခန့်ထားမှာဖြစ်၏။

အသက်နှစ်ဆယ့်ခြောက်နှစ်အရွယ် ရိပေါ်က ခုမှ ကျောင်းပြီးထားတဲ့ ကလေးတွေကြားမှာ အကြီးဆုံးလိုဖြစ်နေ၏။

ကျောင်းပြီးကတည်းက အပြင်အလုပ် တစ်ခါမှ မလုပ်ဖူးတဲ့ ရိပေါ်အတွက်က ကလေးတွေနဲ့မခြား အတွေ့အကြုံမရှိ ဘာမရှိနဲ့ အစိမ်းသက်သက် လူသစ်ပေါက်စလေးဖြစ်နေ၏။

အလုပ်ဝင်ရမယ့် ဌာနတွေက အလုပ်သင်ဝန်ထမ်း ကလေးနှစ်ယောက်နဲ့ပါ အချင်းချင်း မိတ်ဆက်လို့ တခြားဌာနက အလုပ်သင်ကလေးတွေနဲ့လည်း ခင်ခွင့်ရခဲ့သည်။

ကုမ္ပဏီထဲကထွက်လာသည်နှင့် အရှေ့မှာ ရှောင်းကျန့်ရဲ့ကားက ကွက်တိဆိုက်သည်။ ရှောင်းကျန့်ရဲ့ကားကို သိပ်မစီးဖူးတဲ့ ရိပေါ်က ရှေ့ခုံပဲထိုင်ရမလား နောက်ခန်းပဲထိုင်ရမလားဆိုတာကို တွေဝေနေမိသည်။

ပါပါးကတော့ နောက်နေ့ ရိပေါ်စီးဖို့ ကားတစ်စီးဝယ်ပို့လိုက်မည်ပြော၏။ အရင်ကတည်းက ဝယ်ပေးမယ်ပြောပေမယ့် ရှောင်းကျန့်မျက်နှာကိုထောက်ပြီးတော့ ရိပေါ်က ငြင်းခဲ့သည်။ ငါးနှစ်လုံးလုံး အပြင်ထွက်စရာရှိရင် သူငယ်ချင်းတွေလာခေါ်ရင်လာခေါ် မဟုတ်ရင် public transportation တွေကိုသာ အသုံးပြုခဲ့တာဖြစ်သည်။

ခုကတော့ သွားဖို့လာဖို့ ကားတစ်စင်း မဖြစ်မနေ လိုလာပြီ။ အလုပ်သင်ဝန်ထမ်းတစ်ယောက်က ကားအကောင်းစားကြီးစီးတယ်ဆိုပြီး အတင်းပြောချင်ပြောခံနေရမှာတော့သိသည်။ ဒါပေမဲ့ရိပေါ်အတွက်က ကိစ္စမရှိပါ။ ဒီကုမ္ပဏီမှာ တစ်သက်လုံးလုပ်နေမှာမဟုတ်တော့ ကြားလူတွေရဲ့ အတင်းအဖျင်းစကားတွေကို အာရုံစိုက်နေမှာမဟုတ်။

Highway To HeavenWhere stories live. Discover now