Ep - 21

3.4K 296 69
                                    

(Unicode)

သားသားကို ကျောင်းကြိုပြီးနောက် ငယ်ငယ်ကလိုပဲ သားသားအကြိုက်ရေခဲမုန့်ကို ဝယ်ကျွေးဖြစ်သည်။

ရေခဲမုန့်ဆိုင်လေးထဲမှာ သားသားနဲ့ ရှောင်းကျန့်က မျက်နှာချင်းဆိုင်။

သားသားက ရေခဲမုန့်ကိုဇွန်းနဲ့ ကော်စားနေပြီး ရှောင်းကျန့်က စားပွဲခုံပေါ်လက်ထောက်ပြီး လက်ပေါ်မေးတင်ကာ သားသားကို အသေချာကြည့်လို့။ သားသားက အသက်ကြီးလာလေ သူနဲ့တူလာလေလေ။

" ဒယ်ဒီရေခဲမုန့်တွေအရည်ပျော်ကုန်ပြီနော် "

သားသားပြောမှ သူ့ရှေ့က ရေခဲမုန့်ခွက်ကြီးကို သတိရသည်။

" စားကောင်းလား "

" အရင်အတိုင်းအရသာမပြောင်းလဲပါဘူး "

သားသားက ရိပေါ်နဲ့ဆို ရေပက်မဝင်ပြောတတ်ပေမယ့် ရှောင်းကျန့်နဲ့ကျ စကားသိပ်မပြောဖြစ်ပေ။ ငယ်ငယ်တုန်းကထက်စာရင်တော့ ရင်းနှီးလာပေမယ့် အရင်ကထက် ပိုငြ်ိမ်သွားတဲ့ သားသားကို စကားစဖို့ရာကျ ခက်ခဲလာသလို။ ငယ်ငယ်တုန်းက သားသားလိုချင်တဲ့ ကစားစရာတွေပေး မုန့်တွေပေးပြီး သိမ်းသွင်းလို့ရပေမယ့် လူပျိုပေါက်စလေးသားသားကို ဘာပေးရမလဲ ရှောင်းကျန့်လည်း သိပ်မသိတတ်ပေ။

အသက်ဆယ့်သုံးနှစ်အရွယ်ကလေးတွေက ဘာတွေများကြိုက်တတ်ကြပါလိမ့်။ ရှောင်းကျန့်ငယ်ငယ်တုန်းကကျ ဘာမှဝါသနာမပါခဲ့။ ဝါသနာပါရကောင်းမှန်းလည်းမသိ စာမှစာပဲသိခဲ့တာ။ အထူးသဖြင့် အင်္ဂလိပ်စာလေ့လာရတာပေါ့ ။ ဒါပေမယ့် ပြန်တွေးကြည့်တော့ အဲဒါလည်း ဝါသနာပါပဲ။ ကိုယ်ကသာ ဝါသနာမှန်းမသိခဲ့တာဖြစ်သည်။

သားသားကို စကားစဖို့ရာအကြောင်းကို ရှောင်းကျန့်ခေါင်းထဲဖြတ်ခနဲပေါ်လာသည်။

" သားသား ဘာဝါသနာပါလဲ ။ ဒယ်ဒီအကုန်ဖြည့်ဆည်းပေးမှာ။ ပွင့်ပွင့်လင်းလင်း ပြောကြည့်လို့ရတယ် "

သားသားက တစ်ချက်စဥ်းစားဟန်ပြုသည်။ ရှောင်ပေါင်လေးဝါသနာပါတာတွေမှ အများကြီး။ အဲ့ဒီထဲကမှ ဝါသနာအပါဆုံးကို ရွေးထုတ်ပါဆို သုံးခုလောက်တော့ရှိသည်။

Highway To HeavenWhere stories live. Discover now