Ep - 15

3.8K 339 103
                                    

(Unicode)

အမျိုးသားလေးပြန်လာရင်စားရအောင်ဆိုပြီး ရှောင်းကျန့်မှာ မီးဖိုချောင် မဝင်စဖူး ဝင်နေလေသည်။

ရိပေါ်အကြိုက်ကို ဟိုတစ်ခေါက်က ချန်ယွီ့ကိုမေးထားလို့ အနည်းအကျဥ်းသိပေမယ့် ထိုအစားအစာတွေကို ရှောင်းကျန့်က တစ်ခုမှမလုပ်တတ်။

မှာစားရအောင်လည်း ကိုယ့်လက်ရာကိုသာကျွေးချင်သည်မို့ ထမင်းတောင် မချက်တတ်တဲ့ရှောင်းကျန့်မှာ ဖုန်းတစ်လုံးနှင့် အလုပ်ရှုပ်နေရသည်။

ရိပေါ် ကုမ္ပဏီကိုသွားလိုက်ကတည်းက ရှောင်းကျန့်မှာ စူပါမာကတ်ကိုအမြန်ပြေး၍ လိုအပ်သည်များကိုဝယ်ပြီးနောက် လိုင်းပေါ်ကနေ ဟင်းချက်နည်းတွေကိုရှာကြည့်ရ၏။

ကိုယ့်အခြေအနေကိုယ်သိ၍ မနက်ကတည်းက ဟင်းစချက်ရတာဖြစ်၏။ ဒူးလောက်တင်မှ ရင်လောက်ကျဆိုတော့ ဒီအချ်ိန်လောက်ချက်ထားမှ ညနေကျက်မှာဖြစ်၏။

အရင်ဆုံးထမင်းချက်ထားရမည်။ ဆန်ကိုတော့ ချင်ခွက်နဲ့မှန်းပြီးထည့်လိုက်ပေမယ့် ရေကဘယ်လိုထည့်ရမှန်းမသိပေ။ ထမင်းချက်နည်းကိုပါ လိုင်းပေါ်က ရှာပြီးချက်နေရတဲ့ ကိုယ့်အဖြစ်ကို ရယ်ချင်လာသည်။ ရိပေါ်သာမြင်ရင် ဘယ်လိုများပြောလိမ့်မလဲ ။

အစစအရာရာ လိုင်းပေါ်ကအတိုင်းချက်နေရတာ လွယ်တော့မလွယ်ကူ။ ချက်နေတာက ရိပေါ်အတွက်ဆိုပေမယ့် ချက်ချင်နေတာက ကိုယ့်အကြိုက်တွေပဲဖြစ်ကြောင်း ရှောင်းကျန့် သတိမထားမိခဲ့။

အစပ်ကြိုက်တဲ့ ချုံချင်းသားဆိုတော့ ချက်မိနေတာကလည်း အစပ်တွေချည်းဖြစ်တော့မည်။

လိုင်းပေါ်ကနေ ဟင်းချက်နည်းပေါင်းစုံကြည့်နေရာ စိတ်မရှည်တော့တာနဲ့ အရင်ဆုံး သခွားသီးသုပ်ဖို့ အကြံရသည်။ သခွားသီးကို အလုံးလိုက် ဓားပြားရိုက်ချလိုက်တော့ သခွားသီးမှာ ပူံစံပျက်ကာ ရွဲပြဲလို့ ငရုတ်သီးမှုန့်တွေထည့် ဆားနဲ့ အချိုမှုန့်တွေထည့်ပြီးသုတ်ကြည့်လိုက်သည်။

မြည်းကြည့်လိုက်တော့ ကိုယ့်လက်ရာကို ချက်ချင်းတောင် အန်ချင်သွားသည်။

Highway To HeavenWhere stories live. Discover now