(Unicode)
သားသားအခြေအနေကလည်း စိုးရိမ်စရာမရှိတော့ပဲ စိတ်ချရပြီဖြစ်၏။ ရိပေါ်က သားသားဘေးမှာထိုင်လို့တစ်ညလုံးမအိပ်။ ဆလိုင်းချိတ်ထားတဲ့ သားသားရဲ့ လက်လေးကို ဖွဖွပွတ်သပ်လို့ စိတ်မကောင်းဖြစ်နေသည်တဲ့။
အိပ်ပါဆိုတာလည်းမအိပ်တာနဲ့ ရှောင်းကျန့်ပါ အိပ်ရေးပျက်ရတော့သည် ။
သားသားကို ရိပေါ်က ဘယ်လောက်ထိချစ်လည်းဆိုတာ ခုမှပဲ ရှောင်းကျန့်လည်း မျက်ဝါးထင်ထင်သိလိုက်ရခြင်း။
" အိပ်တော့လေရိပေါ်။ ရိပေါ်က လူနာစောင့်ကုတင်မှာအိပ်လိုက် ။ ကိုယ်က ဆိုဖာပေါ်မှာပဲ အိပ်လိုက်မယ် "
" အစ်ကိုပဲအိပ်နှင့်လိုက်ပါ။ ကျွန်တော်က အိပ်မပျော်ဘူး "
ရိပေါ်ရဲ့ ပါးစပ်ဖျားက ခုမှ အစ်ကိုဟုပြန်ထွက်လာ၏။ အစ်ကိုဆိုတဲ့ အသံလေးကြားလိုက်မှ လန်းသွားသလိုလို။
မနက်သုံးနာရီလည်းထိုးပြီဆိုတော့ ရှောင်းကျန့်က အိပ်ချင်နေပြီဖြစ်သည်။ မနက်ဖြန် ကျောင်းသွားရဦးမှာဆိုတော့ မအိပ်လို့ကလည်းမဖြစ်ပေ။ ရိပေါ်ကိုလည်း အိပ်ခိုင်းစေချင်သည်။
ရိပေါ်ကလည်း စကားနားထောင်မယ့်ပုံမပေါ်တာကြောင့် ထိုင်နေတဲ့ ရိပေါ်ကို ကောက်ပွေ့ရုံမှလွဲလို့ တခြားမရှိ။
" အစ် .... အစ်ကို "
" အိပ်ကြစို့ "
" အိပ်မပျော်ဘူးလို့ .... အောက်ကိုချပေးပါ "
ရိပေါ်က အောက်ကိုခုန်ဆင်းမယ်လုပ်ပေမယ့် ရှောင်းကျန့်က ရိပေါ်ကို မြှောက်လို့ အောက်မကျသွားအောင် ပြန်ထိန်းရသည်။
တကယ်ဆ်ို ဘာမှ ပွေ့စရာမလို။သားသားကုတင်နဲ့ လူနာစောင့်ကုတင်နဲ့က ခြေလှမ်းငါးလှမ်းစာလောက်တင်။
" ငြိမ်ငြိမ်နေ။ ရိပေါ် ခန္ဓာကိုယ်ကြီးကို သယ်ထားရတာလွယ်တယ်ထင်နေလား "
ရှောင်းကျန့်က ခပ်တင်းတင်းလေသံနဲ့ပြောလိုက်မှ အသာလေးငြိမ်သွားလေသည်။
သယ်ထားရတာလွယ်တယ်ထင်နေလားဆိုတာကြောင့် ရိပေါ်လည်း ဝိတ်များတက်လာတာလားလို့တွေးမိသွားသည်။
YOU ARE READING
Highway To Heaven