5

5.5K 824 51
                                    

Zawgyi

အိပ်ပျော်နေတဲ့ Minhyuk က သူ့ခေါင်းက ကျနော့် ဘက်ကို လဲ ကျ လာတတ်သည်။

ခေါင်းကို တွန်းထားပြီး Jungkookတို့ဘက်ကို မျှော်
ကြည့်နေရသည်။

အထင်မှားခဲ့တာ... stageပေါ်မှာ သူက ကျနော့် ကို
ပြုံးပြခဲ့တာ မဟူတ်ဘူး....

ကျနော့် နောက်က ခုံမှာ ထိုင်နေတဲ့ Mizuko ကို...

သူက ကျနော့်အပေါ်ကိုပါ ခံစားချက်တွေရှိနေတယ်
လို့ ထင်နေတာ ။

မဟုတ်ခဲ့ဘူးပဲ... အမြဲတမ်း အဝေးကြီးမှာ ရှိနေတဲ့ ကျနော်
တို့နှစ်ယောက်... ဝေးမြဲဝေးဆဲပါပဲ...။

နီးစပ်ခြင်းတွေလား... ဒီလို အခြေအနေနဲ့ မရှိနိုင်တော့ဘူး။

Boseongကို ရောက်တာနဲ့ green tea ခင်းကို အရင်
သွားကြရသည်။

Boseong  County လို့ခေါ်ပြီး တောင်ကိုရီးယား South Joella ရဲ့ စီရင်စုထဲမှာ ရှိတဲ့ နိုင်ငံ တစ်ခု ။

Koreaကို လွတ်လပ်ရေး ရအောင် ကြိုးပမ်းခဲ့သူတစ်ဦး
ဖြစ်တဲ့ Philip Jaisohn ရဲ့ မွေးရပ်မြေဖြစ်တဲ့
Boseong က နိုင်ငံတစ်ခုလို ခေါ့်ကြပေမယ့်
တကယ်တော့ ရွာငယ် လေးတစ်ခုပါပဲ။

Green tea စိုက်ခင်းတွေနဲ့ ပက်သက်ပြီး ကျော်ကြားသည်။

Qualityကောင်းကောင်းနဲ့ green tea leaves တွေကို
Boseong ဆီကပဲရနိုင်လို့...။

Green teaစိုက်ခင်းရှေ့ ကားရပ်လိုက်သည်။

ရှိသမျှ ကျောင်းသားကျောင်းသူတွေ ဆင်းသွားကြသည်။

ကျနော် ကားပေါ်က မဆင်းချင်တော့ဘူး။

Minhyuk က
" Taehyung...သွားမယ်လေ.. "

" မလိုက်တော့ဘူး.."

" ဘာလို့?? "

" ပျင်းဖို့ကောင်းလို့... "

" မလိုက်ရင် Samဆီက အော်ငေါက်ခံရမယ်... Green tea ခင်းထဲမှာ activities တွေ လုပ်ရမှာ ပျော်စရာကောင်း
မှာပါ.. "

"အင်း.. လိုက်လာပါ့မယ်"

သူက အားကြိုးမာန်တက်နဲ့ ကျနော့်ကို ခေါ်နေရှာတာ။

ကားမှန်ကနေ အပြင်ကို ကြည့်လိုက်တော့ Jungkook
က green tea တွေကို research လုပ်နေပုံရတယ်။

Just Like Trees (completed) Where stories live. Discover now